♥️ အပိုင်း 98 ♥️

7.7K 444 11
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 98 ♥️

"ကိုကို ရေနွေးက ဒီလောက်ဆို ရပြီလား....."

ဖန်ခွက်လေးထဲသို့ ရေနွေးကို ဂရုတစိုက်လောင်းထည့်ရင်းနဲ့ မင်းစက် ကိုကို့ကို လှည့်ပြီး မေးလိုက်သည်။

"အွန်းရပြီ မင်းစက် ..... အပူလောင်မယ်နော် ဂရုစိုက်ဦး....... အဲ့ရေနွေးထဲကို ဇွန်းအသေးနဲ့ ဆားလေးတစ်ဇွန်း ထည့်ပြီး မွှေလိုက်ရင် ရပြီ မင်းစက်........"

"ဟုတ် ကိုကို ......"

"ရွန်း ..... ရွန်း ဆားသွားယူပေးမယ်နော် ကိုကို 2 ......"

"အဟွန်း ...... ကိုကို 2 ရဲ့ ယွန်းပေါက်လေးက လိမ္မာလိုက်တာ........"

ကိုကို 2 က သူမလေးအား ချီးကျူးစကားပြောလိုက်တာကြောင့် ယွန်း မျက်နှာပေါ်မှာ အပြုံးလေးတွေ ဖြစ်တည်သွားရပြီး ဆားပုလင်းလေးကို ခလုတ်တိုက်မတတ် ပြေးယူလေတော့သည်။

စားပွဲပေါ်မှာရှိနေတဲ့ ဆားပုလင်းကို ယွန်း ခြေဖျားလေးထောက်ကာ လှမ်းယူလိုက်ပြီး ကိုကို 2 ဆီ ပြန်အသွားမှာ အသွားတုန်းက ခလုတ်မတိုက်ခဲ့ပေမယ့် အပြန်မှာတော့ မှောက်လျက်လဲကျကာ ခလွမ်းဆိုသော အသံနဲ့အတူ ဆားပုလင်းပါ ကွဲကျသွားလေသည်။

"အီး.... ဟီး..... ဟီး "

မီးဖိုချောင်ကြွေပြားပေါ် မှောက်လျက်လဲကျသွားတာကြောင့် ယွန်းမှာ ရင်ဘတ်လေးအောင့်ပြီး နာသွားကာ ငိုလေတော့သည်။

သူတို့ညီမလေးရဲ့ ငိုသံကြောင့် စက် ညီအစ်ကို ၃ယောက်မှာလဲ အထိတ်ထိတ်အပျာပျာ ဖြစ်သွားကြသည်။

ခွန်းစက်မှာ မျက်နှာလေး နီလာတဲ့အထိ အားကုန်ထုတ်သုံးပြီး သံပုရာသီးကို ညှစ်နေရာမှ ညီမလေး ချော်လဲသွားတာကို သိလိုက်ရတာကြောင့် စိတ်ပူသွားမိပြီး တစ်ဖက်ကို ချက်ချင်းလှည့်လိုက်ရာ ဆားပုလင်းရဲ့ ဖန်ကွဲစတွေကို တက်နင်းမိမလိုတောင် ဖြစ်သွားရသည်။

ကိုကို 1 က သူ့ကို အချိန်မီ လှမ်းဆွဲလိုက်လို့သာ တော်တော့သည်။ မဟုတ်ရင် သူ့ခြေထောက် နုနုလေးထဲကို ဖန်ကွဲစကြီးက စိုက်၀င်ပြီး သူပါ ညီမလေးနဲ့ အတူတူရောငိုနေရမှာပင်။

♥️ Extraordinary Marriage ♥️Where stories live. Discover now