♥️ အပိုင်း 83 ♥️

6.6K 499 10
                                    

Extraordinary Marriage

[ ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 83 ♥️

ဆေးခန်းရှေ့ကို ရောက်လျှင် စက် ကားကို စက်သပ်ကာရပ်လိုက်သည်။

ဒီနေ့က တစ်ပတ်ပြည့်ပြီမို့ Fluffy လေးကို အိမ်ပြန်ခေါ်သွားလို့ ရပြီဖြစ်၏။

"9 နာရီတောင်ထိုးနေပြီကို ဆေးခန်းက တံခါးကြီးပိတ်ထားတုန်းပဲ စက်..... "

"တံခါးခေါက်လိုက်ရင် ရမယ်ထင်ပါတယ် ရှင်မွေ့ရဲ့ ..... ဆရာကြီး အလုပ်ရှုပ်နေလို့ ဖြစ်မှာပေါ့.......ကိုယ်တို့ကလဲ 9 နာရီ ဒေါင်ဆိုတာနဲ့ ရောက်လာကြတာလေ... "

"အွန်း ဟုတ်မယ်နော်....."

စက်ရဲ့ စကားကြောင့် ရှင်မွေ့ လှစ်ခနဲ ပြုံးလိုက်မိသည်။

ဒီနေ့ Fluffy လေးကို အိမ်ပြန်ခေါ်လာရတော့မှာမို့ သူမအပါအ၀င် စက်ရော၊ ကလေးတွေရော တက်ကြွပျော်ရွှင်နေကြသည်။

သားလေးတွေလဲ ဒီနေ့ သင်တန်းတွေ၊ ကျူရှင်တွေရှိတာကို အကုန်ဖျက်ထားကြပြီး Fluffy အိမ်ပြန်လာမှာကို မျှော်နေကြသည်။

ရှင်မွေ့ စက်နဲ့အတူ ကားပေါ်မှ ဆင်းကာ ဆေးခန်းတံခါးကို ခေါက်ကြည့်လိုက်တော့ အထဲမှ သူမတို့ဆီလျှောက်လာတဲ့ ခြေသံရှပ်ရှပ်ကို ကြားလိုက်ရသည်။

မကြာပါဘူး..... တံခါးပွင့်သွားပြီး ဆေးခန်းထဲမှ ဆရာကြီးက သူမတို့ လင်မယားအား ပြုံးပြလာသည်။

"ဒီလင်မယားကတော့ အချိန်ကို မှန်နေရောပါလား ......  "

ဆရာကြီးရဲ့ စကားကြောင့် စက်ရော ရှင်မွေ့ရော ပြုံးလိုက်မိကြသည်။

"ဆရာကြီး .....Fluffy လေးရော အဆင်ပြေရဲ့လားဟင် ......"

"ပြေတယ် သမီးရေ ..... ကြည့်ရတာ သူ ဒီနေ့ ပြန်ရတော့မှာကို သိနေတဲ့ပုံပဲ ..... မနက်အစောကြီးထဲကနိုးနေပြီး တက်ကြွနေတာ ......"

ဆရာကြီးက သူမနဲ့ စက်ကို Fluffy လေးရှိရာသို့ ခေါ်သွားလျှင် နေရာကို မရောက်ခင်ထဲက Fluffy ရဲ့ " Arr Woooo" ဆိုတဲ့ အသံလေးကို ကြားလိုက်ရသည်။

"Fluffy ရေ သား....."

Fluffy က သူမနဲ့ စက်ကို မြင်တာနဲ့ လှောင်ချိုင့်အကြီးကြီးထဲက အတင်းထွက်ဖို့ လုပ်လေသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now