♥️ အပိုင်း 72 ♥️

9.2K 465 8
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 72 ♥️

"မာမာ....."

"ရှင် ....."

"ဒါဒါ ....."

"ဒါဒါက ဒီနေ့ အလုပ်ရှိလို့ အိမ်ပြန်နောက်ကျမှာ သမီးရဲ့ .... ဒါဒါ ကို မစောင့်ဘဲ အိပ်တော့နော်..... တော်ကြာ ဒါဒါကို စောင့်နေလို့ အိပ်ချိန်တွေလျော့ပြီး မာမီ့အသည်းတုံးလေးရဲ့ မျက်လုံးလေးတွေက ပန်ဒါလေးလို ဖြစ်သွားဦးမယ်......"

ရှင်မွေ့ သမီးရဲ့ ပါးလေးကို လက်ညှိုးလေးနဲ့ တို့ပြီး ပန်ဒါလေးလို ဖြစ်သွားဦးမယ်လို့ ပြောတော့ သမီးက တခစ်ခစ်ရယ်လေသည်။

"မာမာ ...."

သမီးက သူမအား မာမာ ဟုခေါ်လိုက်၊ သူမရင်ခွင်ထဲမှာ မျက်နှာလေးကို ၀ှက်ထားလိုက်၊ သူမကို ခေါင်းလေးမော့ကာ ကြည့်လိုက်နဲ့ လုပ်ရတာကို သဘောတွေ့နေလေသည်။

"မာမာ....."

"ကဲ မာမီ့သည်းပုတုလေး အိပ်တော့နော်..... လိမ္မာတယ်..... ဟိုမှာ ကိုကိုတို့တွေတောင် အိပ်သွားကြပြီ ....."

Meanwhile ယွန်းရဲ့ ကိုကို 3 ယောက် :

"ကိုကို 2 ရေ မြန်မြန်မောင်းနော် ....ဟိုမှာ ကိုကို 1 က နောက်ကနေလိုက်လာပြီ ..."

"ဟားဟား ကိုကို မင်းစက်ကို မှီတော့မယ်ကွ...."

"လုံး၀မမှီစေရဘူးကိုကို .... သားသားက Power သုံးတော့မှာ...."

"ဟာ ဟေ့ကောင်လေး power သုံးကြေးမပါဘူးလေ....."

"ပါတယ်လေ.... Power က သား ခုဏပွဲဆော့တုန်းက ရထားတာဆိုတော့ သား သုံးလို့ရတယ်လေ......"

"ဟုတ်တယ်လေ ကိုကို 1 ကလဲ..... Power က ကိုကို2 ရှာထားတာဆိုတော့ ကိုကို 2 သုံးလို့ရတယ်လေ......"

"အေးပါ မင်းတို့ကောင်လေးတွေ ၂ယောက်ပေါင်းပြီး ကိုကို့ကို အနိုင်ယူချင်တယ်ပေါ့လေ ..... ဟုတ်လား .... တွေ့မယ်..... "

အစ်ကိုဖြစ်သူက ထိုသို့ပြောတော့ အငယ်လေး ၂ယောက်ဖြစ်တဲ့ မင်းစက်နဲ့ ခွန်းစက်တို့မှာ အကြည့်ချင်းဆုံသွားကြပြီး ကျိတ်ရယ်ကြလေသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now