💛 Thingyan Special- Ch 1💛

13.3K 521 17
                                    

သင်္ကြန် Vibe လေး ရအောင်လို့ ရေးမယ့် Extraordinary Marriage ရဲ့  Thingyan Special လေးပါ အချစ်ကလေးတို့ 💛💛

အခုလက်ရှိ မူရင်းဇာတ်လမ်းမှာက သင်္ကြန်အချိန်အခါ မဟုတ်ပါဘူး ~~ အဲ့တာကြောင့်ဒီ Thingyan Special Chapters လေးတွေကို မိုမိုက အချိန် 3 နှစ်ကျော် skip ပြီး ရေးမှာပါ ><

အချိန် 3 နှစ်ကျော်ကို စောပြီးရေးမှာမို့ စက်နဲ့ ရှင်မွေ့ တို့ရဲ့ မင်းသမီးပေါက်စလေးကိုပါ ဒီ Chapters တွေမှာ ကြိုပြီး မြင်ရမှာပါရှင် 💛💛

တစ်ခုရှိတာက ဒီ Thigyan Special Chapters လေးတွေက မူရင်းဇာတ်လမ်းရဲ့  လာမယ့် 3 နှစ်ကျော် ကာလရဲ့အကြောင်းအရာလေးတွေမို့ အခုလက်ရှိ စက်တို့မိသားစု ပြင်ဦးလွင်ကိုရောက်နေတာနဲ့ မဆိုင်ပါဘူးနော် အချစ်ကလေးတို့ 💛💛

•°*    •°*    •°*     •°*     •°*    •°*  

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

💛 Thingyan Special - Ch 1 💛

''သင်္ကြန်အကြိုနေ့ ´´

သီချင်းသံတွေ ဆူညံ့နေသည့် ဖျော်ဖြေရေး မဏ္ဍပ်ပေါ်ကို စက် တစ်ချက်လှမ်းကြည့်ရင်း ပင့်သက်တစ်ချက်ရှိုက်လိုက်မိသည်။

သင်္ကြန်အကြိုနေ့ဆိုပေမယ့် သူ့တို့ Dream Production ရဲ့  ပင်တိုင်စံသရုပ်ဆောင်တွေ အလှည့်ကျ ဖျော်ဖြေတင်ဆက်နေကြတာကြောင့် မဏ္ဍပ်ရှေ့မှာ ရေပက်ခံကားတွေနဲ့ ကျိတ်ကျိတ်တိုးစည်ကားနေလေသည်။

မဏ္ဍပ်တွင် ရေပက်သည့်နေရာကို ဖျော်ဖြေရေး Stage စင်နဲ့ တွဲပေးထားပြီး ဘေးဘက်မှာလဲ လူငယ်တွေ ပျော်ပျော်ပါးပါး ကခုန်လို့ရအောင် ရေပန်းတွေဖွင့်ချပေးထားသည့် စင်တစ်ခု ရှိနေလေသည်။
လူငယ်တွေဆိုပေမယ့် ကုမ္ပဏီက အသက်ကြီးကြီး အမှုဆောင် ဒါရိုက်တာတွေကလဲ ဘောင်းဘီတိုတွေ၊ Hawaiian Shirt တွေနဲ့ ပန်းကုံးတွေ စွပ်ပြီး တက်ကနေကြလေသည်။

ကုမ္ပဏီမှာ ၀တ်စုံပြည့်၀တ်ထားတာဆိုလို့ စက်တစ်ယောက်သာ ရှိလေသည်။

ကုမ္ပဏီရှေ့မှာ မဏ္ဍပ်ထိုးထားတာမို့ မဏ္ဍပ်ပေါ်ကဆင်းတာနဲ့ ကုမ္ပဏီ၀န်းထဲတွင် သရုပ်ဆောင်တွေ၊ ကုမ္ပဏီက လူကြီးတွေ၊ ၀န်ထမ်းတွေ အတွက် စားဖို့သောက်ဖို့ကိုလဲ အားလုံးစီစဥ်ထားသည်။

♥️ Extraordinary Marriage ♥️Unde poveștirile trăiesc. Descoperă acum