♥️ အပိုင်း 58 ♥️

7.6K 460 27
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 58 ♥️

"တီချယ်.... သားကို ခေါ်တယ်ဆို....."

တီချယ်ခေါ်နေတယ်ဆို၍ ကောင်းစက် ဆရာတွေ နားနေခန်းထဲကို ရောက်လာခဲ့သည်။

"ဟုတ်တယ်သား.....တီချယ်စုထားတဲ့ Old Questions လေးတွေ သားကိုပေးချင်လို့ .... သားက WIMO (World International Mathematical Olympiad) အတွက် Ready ဖြစ်နေလောက်ပြီဆိုပေမယ့် တီချယ်ကတော့ သားကို ဒီ Old Questions လေးတွေလဲ ပြန်ကြည့်စေချင်တယ်......"

"ဟုတ်တီချယ် .... ကျေးဇူးအများကြီးတင်ပါတယ်......"

"တစ်ခုခု နားမလည်တာရှိရင် တီချယ်ကို ပြောလို့ရတယ်နော် သား ...."

"ဟုတ်တီချယ် .... သား အခုလောလောဆယ်တော့ လေ့လာရတာ အားလုံးအဆင်ပြေပါတယ်....."

"အေးအေးသား.....WIMO မှာလဲ အကောင်းဆုံး ကြိုးစားခဲ့နော်....."

"ဟုတ်တီချယ်....."

ကောင်းစက် တီချယ်ကို ပြုံးပြီး နှုတ်ဆက်ကာ ဆရာတွေရဲ့ နားနေခန်းထဲက ပြန်ထွက်လာခဲ့သည်။

ပြီးခဲ့တဲ့ HKIMO (Hong Kong International Mathematical Olympiad) တုန်းက Heat Round မှာရော Final Round မှာပါ သူ ရွှေရခဲ့သည်။

ထို့ကြောင့် Final Round မှာ ရွှေရခဲ့တဲ့ နိုင်ငံပေါင်း 14 နိုင်ငံက ရွှေတံဆိပ်ဆုရှင်တွေချည်း သီးသန့်ယှဥ်ပြိုင်ရသည့် WIMO ကို ကောင်းစက် ထပ်ပြိုင်ခွင့်ရခဲ့သည်။ 

WIMO မှာလဲ World Champion ဆုကို မရရင်တောင် ရွှေတော့ ရအောင်ယူမည်ဟု ကောင်းစက် စိတ်ကို ပိုင်းဖြတ်ထားသည်။

ကိုယ့်အတွေးနဲ့ကိုယ် ကောင်းစက် ကျေနပ်စွာ ပြုံးလိုက်မိပြီး အတန်းဆီ ပြန်လာတုန်းမှာပဲ ဆူညံသံတစ်ချို့ကို ကြားလိုက်ရတာကြောင့် ကောင်းစက်ခြေလှမ်းတွေ ရပ်တန့်သွားရသည်။

အသံတွေကို သေချာနားထောင်ပြီးတဲ့နောက်မှာတော့ မိန်းကလေးအုပ်စုတစ်စု ၀ိုင်းပြီး အနိုင်ကျင့်နေတယ်ဆိုတာကို သိလိုက်ရသည်။

သူနဲ့ မဆိုင်ပါဘူးလေဟုတွေးကာ ကောင်းစက် ထွက်သွားဖို့ ကြံရွယ်လိုက်တဲ့ အချိန်မှာပဲ အနိုင်ကျင့်ခံရသူရဲ့ နာမည်ကို ကြားပြီး တုံ့ဆိုင်းသွားရသည်။ 

♥️ Extraordinary Marriage ♥️Tempat cerita menjadi hidup. Temukan sekarang