♥️ အပိုင်း 40 ♥️

11.6K 635 19
                                    

Extraordinary Marriage

[ထူးခြားသောလက်ထပ်ခြင်း]

♥️ အပိုင်း 40 ♥️

"ကြီးကြီးမြ...."

"ရှင်....."

မီးဖိုချောင်ထဲမှာ တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတဲ့ ကြီးကြီးမြရဲ့ ခပ်ဖိုင့်ဖိုင့် ခါးလေးကို ရှင်မွေ့ဖက်ပြီး ကြီးကြီးမြဟု ခေါ်လိုက်တော့ ကြီးကြီးမြက သူမဘက်ကို လှည့်ကြည့်ပြီး ပြုံးပြလာလေသည်။

"ဒီနေ့ ဘာချက်မှာလဲဟင်.... "

"ဒီနေ့ ငါးရံ့အူချက်မို့ ရှင်မွေ့လေးရဲ့ ..... လူလေးက ငါးရံ့အူဆို မန်ကျည်းနှစ်လေးနဲ့ ချက်တာကို ကြိုက်တယ်လေ ..... ရှင်မွေ့လေးလဲ ကြိုက်တယ် မဟုတ်လား ..... ကလေးတွေအတွက်ကိုတော့ ပုစွန်ထုပ်လေးတွေ ကြော်ပေးလိုက်မယ်......"

"ကောင်းတယ် ကောင်းတယ် ကြီးကြီးမြ.... ရှင်မွေ့လဲ ငါးရံ့အူဟင်း ကြိုက်တယ်..... ဒါနဲ့ ငါးရံ့ အူတွေက ကောင်းလိုက်တာနော် ကြီးကြီးမြ ..... "

"ဟုတ်တယ်ရှင်မွေ့လေးရဲ့ .... ဒီမှာလေ...."

ကြီးကြီးမြက ဆေးကြောသန့်စင်ပြီးသား ငါးရံ့အူတွေကို သူမအား ပြလာလျှင် ရှင်မွေ့ အနားတိုးပြီး ကြည့်လိုက်မိသည်။

ထိုစဥ် ရလိုက်တဲ့ ငါးရံ့အူအနံ့ကြောင့် ရှင်မွေ့ ရင်ထဲကနေ လှိုက်လှိုက်ပြီး ပျို့တက်လာရသည်။

ဝေါ့ ....

ရုတ်တရက်ကြီး ပျို့တက်ပြီး အန်ချင်လာတာကြောင့် မီးဖိုချောင်ထဲရှိ ဘေစင်မှာ ရှင်မွေ့ ခေါင်းထိုးပြီး အန်ရတော့သည်။

အန်နေရင်းနဲ့ ဆက်စပ်ပြီး သတိရသွားတဲ့ အချက်တစ်ချက်ကြောင့် ရှင်မွေ့  ကိုယ်လေး ဆတ်ခနဲ ဖြစ်သွားရသည်။

"ရှင်မွေ့လေး .... အဆင်ပြေရဲ့လား ....  မဟုတ်မှ ကလေး... ကလေးများလားဟင် ရှင်မွေ့လေး ...."

သူမ ဘေးနားမှာ ရှိနေတဲ့ ကြီးကြီးမြ မေးတာကို ရှင်မွေ့ ပြန်မဖြေနိုင်သေးဘဲ အရင်ဆုံး ပလုတ်ကျင်းရသည်။

"ကြီးကြီးမြ .... ရှင်မွေ့ကို ရေလေးတစ်ခွက်လောက် .... "

ရှင်မွေ့ ရေတောင်းလိုက်တော့ ကြီးကြီးမြက ကပျာကယာဖြင့် ရေလေးတစ်ခွက်ကို ငှဲ့ပေးလာသည်။

♥️ Extraordinary Marriage ♥️Kde žijí příběhy. Začni objevovat