♥️ အပိုင်း 92 ♥️

7.2K 449 8
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 92 ♥️

စက်နဲ့ သူမအတွက် ညစာက ငါးသလောက်ပေါင်းရယ်၊ ချဥ်ပေါင်နဲ့ ဂျူးမြစ်ချဥ်ရည်ဟင်းရယ်၊ ပုစွန်အစပ်ကြော်ရယ် ရှိနေတာကြောင့် ရှင်မွေ့ ဘာမှ ထပ်မလုပ်တော့ဖို့ တွေးလိုက်သည်။

ကလေးတွေကတော့ ငါးသလောက်ပေါင်း မစားတာကြောင့် အရိုးနွှင်ထားတဲ့ ကြက်ပေါင်သားလေးတွေကိုပဲ Teriyaki sauce နဲ့ အချိုနှပ်လေးသဘော လုပ်လိုက်သည်။

ပြီးလျှင် ကဏန်းချောင်းတွေကို ခက်ရင်းနဲ့ ထိုးဆွကာ အမျှင်လေးတွေဖြစ်အောင် လုပ်လိုက်ပြီး ကြက်ဥ၊ နွားနို့တို့နဲ့ ရောစပ်ကာ ကဏန်း​ချောင်း​ကြက်ဥကြော်လေး ကြော်လိုက်သည်။ အရည်သောက်အနေနဲ့ကတော့ ပုစွန်နဲ့ ပြောင်းဖူးမှုန့်တို့ကို အဓိကသုံးကာ ပုစွန်လုံးလေးတွေလုပ်လိုက်ပြီး ပုစွန်လုံးဟင်းချိုတစ်ခွက် ချက်လိုက်၏။

ဒီလောက်ဆို သူမတို့ မိသားစုအတွက် ညစာက ဖူလုံသွားပြီဖြစ်သည်။

ပွက်ပွက်ဆူနေပြီဖြစ်တဲ့ ပုစွန်လုံးဟင်းချိုအိုး တင်ထားတဲ့ မီးဖိုကို ရှင်မွေ့ မီးပိတ်လိုက်ကာ ​ရနေပြီဖြစ်တဲ့ ကဏန်း​ချောင်းကြက်ဥကြော်ကိုတော့ အဖြူရောင် ကြွေပန်းကန်ပြားတစ်ချပ်ထဲ ပြောင်းထည့်လိုက်သည်။

ထို့နောက် ချက်ပြုတ်ပြင်ဆင်ပြီးသွားတဲ့ မီးဖိုချောင်ကို ရှင်မွေ့ သန့်ရှင်းရေး အနည်းငယ်လုပ်လိုက်သည်။

"မမလေး မွှေးမွှေး လုပ်လိုက်မယ်လေ......"

ခြံထဲမှာ ကြီးကြီးမြနဲ့ သွားကူလုပ်ပေးနေသည့် မွှေးမွှေးက သူမနားကို အလောတကြီးနဲ့ ရောက်ချလာလေသည်။

"ရပါတယ် မွှေးမွှေးရဲ့ ..... ငါက ဒီမှာ ချက်လို့ ပြီးနေပြီ.....ခြံထဲမှာ ပန်းအိုးတွေ ရွှေ့တာကရော ပြီးသွားပြီလား......."

"ဟုတ် ပြီးသွားပြီ မမလေး...... နှင်းဆီပန်းအိုးတွေကို သပ်သပ်တစ်ခြမ်း ထားလိုက်တယ်......"

"အေးအေး ကောင်းတယ်......"

ရှင်မွေ့ မွှေးမွှေးကို ခေါင်းလေးငြိမ့်ပြကာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့လိုက်သည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now