♥️ အပိုင်း 39 ♥️

10.8K 586 10
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 39 ♥️

ညဦးပိုင်း ဧည့်ခန်းထဲမှာ သားကြီး ကောင်းစက်ကြည့်တဲ့ ဒိုင်နိုဆောကားကို ကြည့်ကောင်းကောင်းနဲ့ စက်တို့ သားအဖတွေထိုင်ကြည့်နေမိကြသည်။

သားတွေနဲ့ Fluffy လေးက ကြမ်းပြင်ပေါ်မှာခင်းထားတဲ့ မွှေးပွကော်ဇောလေးအပေါ်မှာ ထိုင်ကြည့်နေကြတာဖြစ်ပြီး စက်ကတော့ ဆိုဖာပေါ်မှာ ကြည့်နေတာဖြစ်သည်။

TV ထဲမှာ ဒိုင်နိုဆောကြီးက ဇာတ်လိုက်မင်းသားတို့ မိသားစုနောက်ကို ပြေးလိုက်လာလျှင် မင်းသားက ၄နှစ်အရွယ် သူ့သားလေးကို ချီပိုက်ထားပြီး တစ်ဖက်မှာလဲ မင်းသမီး လက်ကိုဆွဲရင်း အသက်စွန့်ပြေးနေလေသည်။ အဲ့တာကို သားလေး ခွန်းစက်က မကြည့်ရဲတာ​ကြောင့် Fluffy ရဲ့ အဖြူရောင် အမွှေးဖွားဖွားလေးတွေကြားမှာ သူ့မျက်နှာလေးကို ၀ှက်ထားလေသည်။

"မင်းသားတို့မိသားစု ဒိုင်နိုဆောကြီးဆီကနေ လွတ်သွားရင် သားသားကိုပြောကြဦးနော်.....အခု သားသား မကြည့်ရဲလို့ မကြည့်သေးဘူး ...."

Fluffy ရဲ့ အမွှေးလေးတွေ အထဲမှာ မျက်နှာလေး၀ှက်ထားတဲ့ သားလေးခွန်းစက်ရဲ့ ကျောပြင်လုံးလုံးလေးကိုကြည့်ပြီး စက်ရော၊ အစ်ကို၂ယောက်ဖြစ်ကြတဲ့ ကောင်းစက်ရော မင်းစက်ရော သဘောကျစွာရယ်လိုက်မိကြသည်။

မင်းသားတို့မိသားစု ဒိုင်နိုဆောရန်ကနေ လွတ်သွားကြတော့မှ မင်းစက်က သူ့ညီရဲ့ ဖင်လုံးလုံးလေးကို လက်လေးနဲ့ ခပ်ဖွဖွပုတ်ပြီး TV ကို ပြန်ကြည့်လို့ရပြီဆိုတဲ့အကြောင်း ပြောလေသည်။

"ဒီသားအဖတွေ ဘာကားမို့လို့ အဲ့လောက်တောင် စိတ်၀င်တစားကြည့်နေကြတာလဲ....."

ထိုစဥ် ရှင်မွေ့ရဲ့ အသံလေးကိုကြားလိုက်ရတာကြောင့် စက် မော့ကြည့်လိုက်မိသည်။

"ဒိုင်နိုဆောကားကြည့်နေကြတာ ရှင်မွေ့ရဲ့ ..... စိတ်၀င်စားဖို့ကောင်းတယ်..... လာ ကိုယ့်နား လာထိုင်ပြီးကြည့်လေ "

သူ့ဘေးနားမှာ လွတ်နေတဲ့ နေရာလေးကို စက် လက်နဲ့ ဖွဖွပုတ်ပြလိုက်ပြီး လာထိုင်ဖို့ ရှင်မွေ့ အား ခေါ်လိုက်သည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now