♥️ အပိုင်း 93 ♥️

6.7K 479 15
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 93 ♥️

စက်က မနေ့ညက Western ဘက်မှ ကိုယ်စားလှယ်တွေနဲ့ ညဥ့်နက်တဲ့အထိ meeting ထိုင်ခဲ့တာကြောင့် မနက်ကို တော်တော်နဲ့မနိုးချေ။

ထို့ကြောင့် ရှင်မွေ့ပဲ ကလေးတွေနဲ့အတူ မနက်စာစားလိုက်ရသည်။

မနက်စာစားပြီးနောက် ရှင်မွေ့ နောက်ရိုက်မယ့် ဇာတ်လမ်းအတွက် ဇာတ်ညွှန်းရေးနေချိန်မှာ သားလေးတွေနဲ့ သမီးကတော့ ခြံထဲမှာ ဆော့နေကြသည်။

တစ်နာရီလောက် ဇာတ်ညွှန်းကို ဆက်တိုက်ရေးပြီးတဲ့နောက် ရှင်မွေ့ ၀တ်ထားတဲ့ မျက်မှန်ကို ချွတ်ကာ ရေးလက်စ ဇာတ်ညွှန်းကို save လုပ်လိုက်သည်။

ပြီးမှ ခြံထဲကို လှမ်းကြည့်လိုက်လျှင် သူမရဲ့ ကလေးတွေက ဆော့ကောင်းတုန်းရှိသေး၏။

သားလေးတွေက မနေ့က စက် လိုက်၀ယ်ပေးခဲ့တဲ့ စကိတ်လေးတွေကို ခြံထဲပတ်စီးနေကြသလို သမီးကလဲ ထွက်ပြေးနေတဲ့ Fluffy ရဲ့နောက်ကို တောက်လျှောက်ပြေးလိုက်နေလေသည်။ ရှင်မွေ့ သေချာကြည့်မိတော့မှ သမီးလက်ထဲမှာ ပင့်ကူရုပ်လေးကိုလဲ ကိုင်ထားသေးသည်။

ကြည့်စမ်း...... Fluffy ကို ပင့်ကူရုပ်နဲ့ လိုက်စနေတာပဲ ....... အဲ့သမီးပေါက်စတစ်ယောက်နဲ့လဲ ရှင်မွေ့ ဘယ်လိုလုပ်ရမလဲကို မသိတော့ပါ။ သေးသေးလေးနဲ့ စတတ်နောက်တတ်တာလဲ လွန်ပါရော..... စနောက်ပြီးသွားပြီဆိုရင်လဲ ပြုံးတုံ့တုံ့ မျက်နှာလေးနဲ့ လူတကာကို လိုက်ကြည့်တတ်သေးသည်။

"မမလေး အိအိတို့ ခြံထဲမှာ အမှိုက်တွေ သွားရှင်းလိုက်ဦးမယ်နော်......."

"ခြံထဲမှာလား အိအိ ....."

"ဟုတ်မမလေး ...... ခြံထဲမှာ သစ်ရွက်ခြောက်တွေ အရမ်းကြွေနေလို့ ......"

"နေဦး ...... အဲ့တာဆို အဲ့သစ်ရွက်ခြောက်တွေကို နင်နဲ့ မွှေးမွှေးတို့ မရှင်းနဲ့တော့...... "

"ရှန် .... အဲ့တာဆို အိအိတို့က ဘာလုပ်ရမှာလဲဟင် မမလေး ......"

ရှင်မွေ့  ဒီနေ့ တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်ရန် စိတ်ကူးရသွားပြီး ကျေနပ်စွာ ပြုံးလိုက်မိသည်။

♥️ Extraordinary Marriage ♥️Où les histoires vivent. Découvrez maintenant