♥️ အပိုင်း 86 ♥️

7.4K 444 6
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 86 ♥️

တစ်ဖက်က ဖုန်းထဲမှ အသက်ရှူသံ သေးသေးလေးကို ကြားလိုက်ရလျှင် သမီးက တကယ်ပဲ ဖုန်းဆက်လာတာလားဆိုပြီး စက် အံ့သြသွားရသည်။

"သမီးလား....."

"ဒယ်ဒယ်....."

သမီးရဲ့ အသံသေးသေးလေးကို မမျှော်လင့်ဘဲ ကြားလိုက်ရတာကြောင့် စက် မျက်၀န်းတွေ နူးညံ့သွားရသည်။

"ဒယ်ဒယ် မာမာ ရွန်း လွမ်းလွမ်း ....."

"အဟွန်း...... ဒယ်ဒီနဲ့ မာမီကို သမီးက လွမ်းနေတာလား......."

ယွန်းမှာ တစ်ဖက်က ဖုန်းထဲမှ သူမလေးရဲ့ ဒယ်ဒီက သူမလေးကို မမြင်ရသည့်တိုင်အောင် ခေါင်းလေးကိုဆက်တိုက် ငြိမ့်ပြနေမိသည်။

စက် ညီအစ်ကို ၃ယောက်မှာတော့ သူတို့ ညီမလေးရဲ့ ချစ်ဖို့ကောင်းမှုမှာ အလိုလို ပြုံးမိသွားကြသည်။

"ဒါနဲ့ သမီးဘေးမှာ ကိုကိုတို့တွေရော ရှိနေလား......"

"ဒယ်ဒယ် ကိုကိုသို့ ရှိရှိ ...."

သေရေးရှင်ရေးကလွဲလို့ ကိစ္စထွေထူးမရှိဘဲ သူ နဲ့ ရှင်မွေ့ဆီကို ဖုန်းခေါ်မယ်ဆိုရင် တစ်လစာမုန့်ဖိုးဖြတ်မယ်လို့ ပြောထားခဲ့တာကြောင့် ညီမဖြစ်သူဖုန်းလေးနဲ့ မရရအောင်ဆက်သွယ်လာသည့် သူ့သားတွေရဲ့ ဦးနှောက်အလုပ်လုပ်ပုံကို စက် မချီးကျူးဘဲ မနေနိုင်တော့ချေ။

"ဟုတ်လား.... အဲ့တာဆို အခု ကိုကိုတို့က သမီးကို ဖုန်းခေါ်ပေးတာလား......"

ဒယ်ဒီ့ရဲ့ မေးခွန်းစကားကို ကြားလျှင် စက် ညီအစ်ကို ၃ယောက်မှာ အေးခဲသွားကြကာ ညီမလေးအား ပြိုင်တူ ခေါင်းတွေခါပြကြတော့သည်။

ယွန်းမှာ အစ်ကိုတွေခေါင်းခါပြတာကို ကြည့်ပြီး သူလေးကပါ ပြုံးတုံ့တုံ့နဲ့ ခေါင်းလိုက်ခါလေသည်။

တစ်ဖက်ဖုန်းမှာ ရုတ်တရက် တိတ်ဆိတ်သွားတာကြောင့် မောင်နှမ ၄ယောက် ဘာတွေကျိတ်ပြီး တိုင်ပင်နေကြပြန်ပြီလဲဟု စက် သံသယ၀င်မိသွားရသည်။

"ဟယ်လို သမီး ....."

ကောင်းစက် လက်ကို ဖုန်းပုံစံလုပ်ပြကာ နားမှာကပ်ထားပြီး ကိုကိုတို့ ဖုန်းခေါ်ပေးတာ မဟုတ်ဘူးလို့ ငြင်းစေချင်တဲ့ သဘောဖြင့် ညီမလေးအား ခေါင်းကို ဆက်တိုက်ခါပြမိသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now