♥️ အပိုင်း 41 ♥️

11.8K 657 11
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 41 ♥️

"အဟွန်း..... ကိုယ့်ဆီကို မရောက်စဖူးနဲ့ ရောက်လာပါလား..... ဘာကိစ္စရှိလို့လဲ ရှင်မွေ့ရဲ့ ....."

အခုချိန်ထိ အခန်းထဲမှာ သူတို့၂ယောက်ပဲရှိတယ်ဟု ထင်မှတ်နေပုံရပြီး သူ့ကို ဖက်ထားဆဲဖြစ်သည့် ရှင်မွေ့ရဲ့ ခေါင်းလေးကို စက် ငုံ့နမ်းရင်း မေးလိုက်မိသည်။

"စက်ကို ၀မ်းသာစရာကိစ္စလေး ပြောပြဖို့အတွက် မစောင့်နိုင်တော့လို့ ကုမ္ပဏီကို လိုက်လာခဲ့တာ.... အံ့သြသွားတယ်မဟုတ်လား....."

"ဒါပေါ့ အရမ်းအံ့သြသွားတာ .... "

"စီအီးအိုကြီးနဲ့ တွေ့ရဖို့ကလဲ ခက်ခဲလိုက်တာနော် .....အောက်မှာ ရှင်မွေ့ အကြာကြီးစောင့်လိုက်ရတယ်....."

"အဟွန်း Sorry ပါ ရှင်မွေ့ရယ်... ရှင်မွေ့က ကုမ္ပဏီကို တစ်ခါမှ မလာဖူးတော့ ကိုယ့်၀န်ထမ်းတွေကမသိဘူးဖြစ်သွားတာ...... နောက်ဆို ကိုယ်တို့ ၂ယောက်ရဲ့  စုံတွဲပုံကို ကုမ္ပဏီမှာချိတ်ထားရမယ်....."

"စီအီးအိုတို့စုံတွဲကတော့ တကယ်ကို ကြည်နူးစရာကောင်းလိုက်တာဗျာ....."

စက်ရဲ့ အနောက်ဘက်ဆီမှ ယောကျာ်းတစ်ယောက်ရဲ့ အသံထွက်ပေါ်လာတာကြောင့် စက်ရဲ့ ရင်ခွင်ထဲမှာနေနေရင်း ရှင်မွေ့ ကိုယ်လေးတောင့်သွားရသည်။

ဘာလဲ .... စက်ရဲ့ ရုံးခန်းထဲမှာ လူရှိနေတာလား .....

ချက်ချင်းပဲ စက်နဲ့ လူချင်းခွာလိုက်ကာ ရှင်မွေ့ အနောက်ကိုကျော်ပြီး လှမ်းကြည့်လိုက်တော့ ရုံးခန်းထဲရှိ ဆိုဖာပေါ်မှာထိုင်နေသည့် လူကြီးတစ်ယောက်နဲ့ အခုအချိန်မှာ နာမည်အရမ်းကြီးနေတဲ့ မင်းသားကိုးလ် နဲ့ မင်းသမီးမဒီတို့ကို တွေ့လိုက်ရသည်။

"လူ.... လူတွေရှိနေတာ ဘာလို့ ရှင်မွေ့ကို မပြောတာလဲ စက်ရဲ့ ......"

"ရှင်မွေ့က ပြောခွင့်မှ မပေးတာ..... တံခါးပွင့်သွားတာနဲ့ တစ်ပြိုင်နက် ကိုယ့်ဆီကို ရောက်လာပြီး ပြေးဖက်လိုက်တာလေ...."

"ဒါပေမဲ့လဲ ... အား တကယ်ပါပဲ.... ဧည့်သည်တွေကို အားနာစရာကောင်းလိုက်တာ...."

♥️ Extraordinary Marriage ♥️Where stories live. Discover now