♥️ အပိုင်း 34 ♥️

11.2K 698 35
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 34 ♥️

ဒီနေ့ညနေစာကို နံရိုးနှပ်လုပ်ကျွေးမယ်ဟု စက်ကိုပြောထားခဲ့၍ ၀ယ်နေကျ Supermarket မှာပဲ နံရိုးသွား၀ယ်ရန် ရှင်မွေ့ ဆုံးဖြတ်လိုက်သည်။

အပြင်သွားဖို့ ရှင်မွေ့ ပြင်ဆင်ပြီးမှ သူမရဲ့ ပိုက်ဆံအိတ်အသေးလေးကို ယူကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

အောက်ထပ်သို့ ဆင်းလာလျှင် အိမ်ရှေ့မှာ Fluffy လေးနဲ့ ဆော့ရင်း တခစ်ခစ်ရယ်နေသည့် သားလေးခွန်းစက်ရဲ့ ရယ်သံလေးကို ကြားလိုက်ရသည်။

"ကြီးကြီးမြရေ .... ကြီးကြီးမြ "

"အေး ရှင်မွေ့လေး ပြော...."

"ရှင်မွေ့ ဒီနေ့ညနေစာကို စက်ရော ကလေးတွေရောကြိုက်တဲ့ နံရိုးနှပ်လေး လုပ်ပေးမို့ ကြီးကြီးမြ .... အဲ့တာ နံရိုးသွား၀ယ်လိုက်ဦးမယ်နော်....."

"အေးအေး သမီး .... ကြီးကြီးမြရော လိုက်ခဲ့ရဦးမလား "

"ရတယ် ကြီးကြီးမြ ... ရှင်မွေ့ဘာသာပဲ သွားလိုက်မယ်ရယ်...."

"မာမီ ဘယ်သွားမို့လဲ.... သားသားလဲ လိုက်မယ်လေ...."

ထိုစဥ် ဆော့နေတဲ့ ခွန်းစက်လေးက သူမဆီ ပြေးလာပြီး လက်လေးကိုဆွဲကာ မေးလာလျှင် ရှင်မွေ့  သားကို ငုံ့ကြည့်လိုက်မိသည်။

"မာမီက နံရိုးသွား၀ယ်မို့ သားရဲ့ .... ဒီနေ့ညနေကို သားတို့ရော ဒယ်ဒီရော ကြိုက်တဲ့ နံရိုးနှပ်လုပ်ကျွေးမို့လေ....."

"နံရိုးသွား၀ယ်ရင် သားသားလဲလိုက်ချင်တယ် မာမီ..... သားသားကိုလဲ ခေါ်ပါ....."

ပေါက်စီလေးလိုဖောင်းနေတဲ့ မျက်နှာလေးနဲ့ သူ့ကိုပါ ခေါ်သွားရန် ချစ်ဖို့ကောင်းအောင် ပူဆာနေတဲ့ သားရဲ့ ပုံလေးက ရှင်မွေ့အား အသည်းယားစေသည်။

"ကဲကဲ ကောင်းပြီ .... အဲ့တာဆို မာမီတို့ အတူတူသွားကြမယ် ဟုတ်ပြီလား....."

"သားသား အင်္ကျီလဲဖို့ လိုသေးလား မာမီ "

"မလဲပါနဲ့ သားသားရဲ့ .... သားအခု၀တ်ထားတာလေးက အဆင်ပြေပါတယ်....."

♥️ Extraordinary Marriage ♥️Where stories live. Discover now