♥️ အပိုင်း 2 ♥️

17.8K 832 76
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 2 ♥️

"ဒါက ငါတို့အိမ်ကို သွားနေတဲ့လမ်းပဲ.... မင်းမှတ်မိလား...."

သူမရဲ့ကမ္ဘာမဟုတ်တဲ့ တခြားကမ္ဘာတစ်ခုဆီရောက်လာလို့ စိတ်ညစ်နေတဲ့ သူမကို အိမ်ပြန်လမ်း မှတ်မိလားဆိုပြီး လာမေးနေသည့်ယောကျာ်းကို ရှင်မွေ့ စိတ်တိုတိုနဲ့ လှည့်ကြည့်လိုက်မိသည်။

စက် သူမဆီမှ ဒေါသထွက်နေသည့် အကြည့်တစ်ချက်ကို လက်ခံရရှိလိုက်လျှင် ကြောင်အမ်းအမ်းဖြစ်သွားရသည်။

အခု သူမက သူ့ကို ဒေါသထွက်တဲ့ အကြည့်မျိုးနဲ့ ကြည့်လိုက်တာလား???

သူနဲ့ မျက်လုံးချင်းဆုံအောင် စိုက်ကြည့်ဖို့တောင် ခဲယဥ်းခဲ့တဲ့ သူမက အခုသူ့ကို ဒေါသထွက်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်ပေါ့လေ???

"မင်း ခုဏက ငါ့ကို ဒေါသထွက်တဲ့ အကြည့်နဲ့ ကြည့်လိုက်တာလား ....."

"ရှင် ဘာဖြစ်နေတာလဲ.... ဒီမှာ စိတ်ရှုပ်ရတဲ့ ကြားထဲ ဘာတွေလာမေးနေတာလဲ.... ကျေးဇူးပြုပြီး တိတ်တိတ်လေး နေပေးလို့ မရဘူးလား ....."

စက် : "........"

ကားရှေ့ခန်းမှ ဒါရိုက်ဘာ : ".........."

ကားရှေ့ခန်းရှိ ဒါရိုက်ဘာမှာ ဥက္ကဌကို ပြန်အော်လိုက်သည့် ဥက္ကဌကတော်ရဲ့ စကားကို ကြားပြီး ချွေးစေးတွေ ထွက်လာသလိုတောင် ခံစားလိုက်ရသည်။

အရင်က စကားပြောရင်တောင် အသံတိုးတိုးလေးနဲ့ပဲ ပြောတတ်တဲ့ သူတို့ဥက္ကဌကတော်က အခုဘယ်လိုဖြစ်သွားရတာပါလိမ့်။

ပြန်သတိရလာထဲက ထူးဆန်းနေတဲ့ သူမပုံစံကို စက်လုံး၀ လိုက်မမှီတော့ပေ။

အခုလဲ သူ့ကို တိတ်တိတ်နေခိုင်းလိုက်သေးသည်။

အခုမှ ဆေးရုံကဆင်းလာတဲ့သူနဲ့ ပြိုင်မဖြစ်ချင်တာမို့ စက် ဘာမှဆက်မပြောတော့ပေမယ့် စိတ်ထဲမှာတော့ ကသိကအောက်နဲ့ တော်တော်လေး ခံရခက်မိသည်။

ဟိုလူ့ဆီမှ အသံမထွက်လာတော့မှ ရှင်မွေ့ စိတ်ညစ်ညစ်နဲ့ ကိုယ့်အကြောင်းကိုယ် ပြန်တွေးမိသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now