♥️ အပိုင်း 61 ♥️

7.2K 471 18
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 61 ♥️

ကောင်းစက် ညီလေး ၂ယောက်အနားကို သွားပြီး နဖူးလေးတွေကို စမ်းကြည့်လိုက်တော့ အပူငွေ့ နွေးနွေးကို ခံစားရသည်။ မျောက်ကလေးတွေလို ဆော့တတ်တဲ့ ညီနှစ်ယောက် အခုလို အဖျားငွေ့ကြောင့် ငြိမ်နေတာကို မြင်ရတော့လဲ ကောင်းစက် စိတ်ထဲမကောင်းပေ။

"မင်းစက်..... ခွန်းစက်..... ဘာစားချင်သေးလဲ ....."

"ဟင့်အင်း ကိုကို..... သားတို့ ဘေဘီဖက်ထုပ်လေးတွေ စားပြီးသွားပြီ......"

"ဒယ်ဒီက နို့ခဲဘူးလေးတွေ ၀ယ်လာသေးတယ်..... နို့ခဲလေးတွေ စားမလား .... ကိုကို သွားယူပေးမယ်လေ....."

နို့ခဲဟုပြောလိုက်တော့ ခွန်းစက်ရဲ့ မျက်၀န်းလေးတွေက လက်ခနဲဖြစ်သွားသည်။

"နို့ခဲ .... သားသား နို့ခဲ စားမယ် ကိုကို 1 "

မင်းစက်ကတော့ ခေါင်းလေးသာ ငြိမ့်ပြလေသည်။

"အဲ့တာဆို ကိုကို သွားယူလိုက်ဦးမယ်နော်....."

ဒယ်ဒီ ၀ယ်လာတဲ့ နို့ခဲဘူးလေးတွေက မုန့်တွေထားတဲ့ kitchen cabinet လေးထဲမှာမို့ ကောင်းစက်မီးဖိုချောင်ထဲ ၀င်လာခဲ့လိုက်သည်။

ထမင်းစားခန်းထဲမှာတော့ ဒယ်ဒီနဲ့ မာမီတို့က ညစာအတူစားနေကြသည်။

ကြီးကြီးမြရဲ့ ပခုံးပေါ်ခေါင်းလေးမှီတင်ပြီး ကျောပွတ်ပေးတာကို ငြိမ်ခံနေတဲ့ ညီမလေးကလဲ သူ့ကို မြင်တော့ အမ်း! ဆိုပြီး တစ်ချက်လှမ်းခေါ်သေးသည်။

ကောင်းစက် cabinet တံခါးလေးကို ဖွင့်ပြီး အထဲမှ ညီလေးတွေအတွက် နို့ခဲဘူးလေးတစ်ဘူးကို ယူလိုက်သည်။ ထို့နောက် ညီမလေးအတွက်လဲ Rice cracker ထုပ်လေးကိုပါ ထုတ်လိုက်သည်။

Fluffy အတွက် အစာချောင်းလေးကတော့ အိမ်ရှေ့မှာပဲ ရှိသည်။

ကောင်းစက် မီးဖိုချောင်ထဲမှ ပြန်ထွက်လာတော့ ထင်တဲ့အတိုင်းပဲ သူ့လက်ထဲမှ Rice Cracker မုန့်ထုပ်လေးကို တွေ့တာနဲ့ ညီမလေးက သူ့အား မရမက လှမ်းခေါ်လေတော့သည်။

"အွန်းအွန်း ယွန်း..... ကိုကို1 ပြီးရင် လာခေါ်မယ်နော်.... အခု ကိုကို 2 နဲ့ ကိုကို 3 တို့ကို အရင် မုန့်သွားကျွေးလိုက်ဦးမယ်နော်..."

♥️ Extraordinary Marriage ♥️Where stories live. Discover now