♥️ အပိုင်း 78 ♥️

7.4K 479 10
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 78 ♥️

ကိုယ်လုံးပေါ်မှန်လေးထဲမှာ မြင်နေရတဲ့ သူ့ကိုယ်သူ ကြည့်ပြီး ခွန်းစက် သဘောကျစွာပြုံးလိုက်မိသည်။

သူက ဒီအနောက်တိုင်း၀တ်စုံလေးနဲ့ အရမ်းချစ်ဖို့ကောင်းတာပဲဟု ခွန်းစက် ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်ကာ တွေးလိုက်မိသည်။ လည်ပင်းမှာချည်ထားတဲ့ ဖဲပြားသေးသေးလေးကိုလဲ ခွန်းစက် အရမ်းပဲ သ​ဘောကျရပါသည်။

ခွန်းစက်နည်းတူ မှန်ကိုကြည့်လို့မ၀ ဖြစ်နေတဲ့ နောက်တစ်ယောက်မှာတော့ မင်းစက်ပင်။

အရမ်းကို ကောင်းမွန်လှတဲ့ အနောက်တိုင်း၀တ်စုံလေးကို ၀တ်ဆင်ထားရတာကြောင့် မင်းစက်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ရှိနေလေသည်။

ဒီနေ့ပွဲမှာ သူတို့ညီအစ်ကိုတွေနဲ့ ဒယ်ဒီ့လောက် ဘယ်သူကမှ မခန့်ညားနိုင်ဘူးဟု တွေးကာ မင်းစက် စိတ်ကြီး၀င်တဲ့ အပြုံးသေးသေးလေး တစ်ခု ပြုံးလိုက်မိသည်။

အကြီးဆုံးဖြစ်တဲ့ ကောင်းစက်မှာတော့ စိတ်လှုပ်ရှားနေရတာကြောင့် စိမ့်နေအောင် အေးသည့် Air-Con ခန်းထဲမှာ ထိုင်နေရတာတောင် ချွေးအနည်းငယ်စို့ချင်လေသည်။

သူ့စိတ်သူ သက်သာရာရစေရန် ကောင်းစက် လေပူတစ်ချက်ကို ဟူးဆိုပြီး အရှိန်ပြင်းပြင်းနဲ့ မှုတ်ထုတ်လိုက်မိသည်။

ထိုအခါ သူ့ပေါင်ပေါ်မှာ ထိုင်ပြီးဆော့နေတဲ့ ညီမလေးက သူ မှုတ်ထုတ်လိုက်တဲ့ လေပူတွေကို ခံစားလိုက်ရတာကြောင့် နားမလည်နိုင်တဲ့ ပုံစံလေးဖြင့် မျက်ခုံးလေး တွန့်ကာ ကောင်းစက်အား လှည့်ကြည့်လာလေသည်။

ထို့ကြောင့် ကောင်းစက် ပြုံးလိုက်မိကာ ကောက်ညှင်းထုပ်လို တစ်တစ်ရစ်ရစ်ရှိလှတဲ့ ညီမလေးရဲ့ လက်မောင်းအေးအေးလေးကို ပြန်ဆုပ်ကိုင်ပြီး ဆောရီး လုပ်ရသည်။

"အဟွန်း ဆောရီးပါ ယွန်းရယ်.....ကိုကိုက စိတ်တွေလှုပ်ရှားနေလို့ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်မိတာ...... ယွန်းက ပူသွားလို့လား ...."

♥️ Extraordinary Marriage ♥️Where stories live. Discover now