♥️ အပိုင်း 55 ♥️

8.3K 436 20
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 55 ♥️

"ယွန်းရေ.... ဒီမှာကျန်း ဘာဘီလေး လှလှနော်..... "

"ဒါ ဒါ ဒါ ဒါး ...."

"ဟုတ်တယ် ယွန်းက ဘာဘီလေးကို သဘောကျတာမဟုတ်လား..... မမတို့ သိတယ်နော်..... ဘာဘီလေးက ယွန်းကို အာဘွားလေးပေးချင်လို့ပါတဲ့ ..... အာ....ဘွား ......"

"ဘာ ဘာ ဘာ ဘား "

"ယွန်းလေးက ဘာဘီကြိုက်တာမဟုတ်ဘူး .... ကောင်းစက် ပြောပြတာတော့ ယွန်းလေးက စက်ရုပ်တွေကို သဘောကျတာတဲ့ ..... အဲ့တော့ နင်တို့ ဘာဘီတွေ နောက်ဆုတ်လိုက်တော့ .... ဒီမှာ ငါတို့ ယောကျာ်းလေးတွေပေးတဲ့ စက်ရုပ်လေးတွေကို ယွန်းလေးက ပိုသဘောကျမှာ .... ဟုတ်တယ်မလား ယွန်းလေး ....."

"ဒါ ဒါ ဒါ ဒါး ....."

"တွေ့လား ယွန်းလေးက စက်ရုပ်ကို ပိုသဘောကျတယ်ဆိုပြီး ပြောနေတာ....."

"ဘာမှမဟုတ်ဘူး..... ယွန်းက ခုဏကလဲ အဲ့လိုပဲ ပြောတာ..... စက်ရုပ်တွေကြိုက်တယ်ဆိုတာက ယွန်းမှာ အစ်ကိုတွေပဲရှိတော့ စက်ရုပ်တွေပဲ မြင်နေရလို့ ကြိုက်တယ်ဖြစ်သွားတာ... အမှန်က မိန်းကလေးတွေဆိုတာ အခုလို ဘာဘီရုပ်လေးတွေပဲ ကြိုက်ကြတာ..... ယွန်းကလဲ မိန်းကလေး ..... အဲ့တော့ ယွန်း ပြောပြလိုက်....ယွန်းက ဘာဘီရုပ်လေးတွေကိုပဲ ကြိုက်တာလို့....."

"ယွန်းလေး စက်ရုပ်တွေကို ပိုကြိုက်တာ မဟုတ်လား....."

"မမ် မမ် မမ် မမ်း .... အမ်း အမ်း ဂူး ဂူ ဂူး ..... "

သူလေးကို ၀ိုင်းချစ်နေကြသည့် မမတွေအုပ်စုနဲ့ ကိုကိုတွေအုပ်စုကြားမှာ သမီးက သူ့ထိုင်ခုံသေးသေးလေးနဲ့ ချစ်ဖို့ကောင်းစွာထိုင်နေပြီး စကားတွေ ရေပက်မ၀င်အောင်လို့ ဗလုံးဗထွေးနဲ့ ပြန်ပြောနေလေသည်။

အခုတော့ သမီးက သားလေးတွေရဲ့ သူငယ်ချင်းတွေနဲ့ အဆင်ပြေသွားခဲ့ပြီဖြစ်၏။ ကလေးအုပ်စုကြားမှာ ပျော်နေသည့် သမီးလေးကိုကြည့်ပြီး စက်ရော ရှင်မွေ့ရော ပြုံးလိုက်မိကြသည်။

"ကဲကဲ .... ဘာဘီလဲ သွား ၊ စက်ရုပ်တွေလဲ သွားကြတော့ ..... ယွန်းက သူ့အစ်ကို ၃ယောက်ပေးတဲ့ လက်ဆောင် ဝေလငါးအရုပ်လေးကိုပဲ သဘောအကျဆုံးတဲ့ ...."

♥️ Extraordinary Marriage ♥️Where stories live. Discover now