♥️ အပိုင်း 17 ♥️

17.9K 817 31
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 17 ♥️

"ရှင်မွေ့ ..... ရှင်မွေ့ သတိရလာပြီလား..."

"စက်....."

"တော်သေးတာပေါ့ ရှင်မွေ့ရယ်..... တကယ်တော်သေးတာပေါ့.......ကိုယ်ဘယ်လောက်ထိ လန့်သွားရလဲ ရှင်မွေ့သိလား..."

"ရှင်မွေ့ အခု ဘယ်ရောက်နေတာလဲဟင် စက်....."

"ဆေးရုံမှာလေ ရှင်မွေ့ရဲ့ .... ကိုယ် ရှင်မွေ့ကို ဆက်သွယ်လို့လဲမရ ၊ တစ်နေကုန် အိမ်ထဲကလဲ ထွက်မလာလို့ တိုက်ကလူကြီးတွေကို အကြောင်းကြားပြီး ရှင်မွေ့ရဲ့ အခန်းတံခါးကို ဖျက်၀င်ခဲ့တာ.....
အထဲရောက်တော့ ထင်တဲ့အတိုင်းပဲ ရှင်မွေ့က ရေချိုးခန်းထဲမှာ ချော်လဲပြီး သတိမေ့နေခဲ့တာ......အဲ့တာနဲ့ အခုလို ဆေးရုံကို ချက်ချင်းပို့လိုက်တာ...... ဦးခေါင်းအတွင်းပိုင်းမှာ ဘာဒဏ်ရာမှ မဖြစ်သွားလို့ တကယ်တော်သေး......"

"စက်....."

သူ့စကားမဆုံးခင်မှာပဲ သူ့ကို လှမ်းပြီးပွေ့ဖက်လိုက်သည့် ရှင်မွေ့ကြောင့် စက် နှုတ်ခမ်းတွေ ပြုံးယောင်သမ်းသွားရသည်။

"မဖြစ်ဘူး နောက်ဆိုရင် ကိုယ့်ကို အခန်းရဲ့ လျှို့၀ှက်နံပါတ် ပြောပြထားနော်.....အဲ့တာ​မှ ဒီလိုမျိုး အရေးကြုံလာရင် ရှင်မွေ့ဆီ အမြန်ဆုံးရောက်နိုင်မှာ....."

"ကျေးဇူးအများကြီးတင်ပါတယ် စက်...."

"ဟင်..... ဘာလို့လဲ ရှင်မွေ့ရဲ့ .... အဟွန်း ကိုယ့်လို ဆရာ၀န်လေးက အခုလိုမျိုး ရှင်မွေ့ကို ဆေးရုံပို့ပေးခဲ့ပြီး ဘေးနားမှာတောက်လျှောက်အတူတူ ရှိနေပေးခဲ့လို့လား..... ဟုတ်လား....."

"အွန်း အဲ့တာအတွက်ရော..... ပြီးတော့ အရာအားလုံးအတွက်ရော...."

"ရှင်မွေ့ အခုလို ကြီးကြီးမားမားထိခိုက်တာမျိုး မရှိခဲ့တာကိုပဲ ကိုယ်ကကျေးဇူးတင်နေတာ ......"

သူ့ရင်ခွင်ထဲ မျက်နှာလေးအပ်ပြီး သူ့ကို ပွေ့ဖက်ထားသည့် ရှင်မွေ့ရဲ့ ကျောပြင်လေးကို စက် လက်နဲ့ အသာပွတ်သပ်ပေးရင်း ခပ်ဖွဖွပြုံးလိုက်မိသည်။

♥️ Extraordinary Marriage ♥️Tempat cerita menjadi hidup. Temukan sekarang