♥️ အပိုင်း 82 ♥️

7K 503 9
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 82 ♥️

"မင်းစက်....."

"ကိုကို 2 "

အိမ်ထဲ၀င်၀င်ချင်းမှာပဲ သားကြီးနဲ့ အငယ်ဆုံးလေးခွန်းစက်တို့က သားလေးအနားကို စိုးရိမ်တကြီးရောက်လာကြသည်။

ခွန်းစက်လေးက ယောင်ကိုင်းနေတဲ့ သူ့အစ်ကိုရဲ့ မျက်နှာကို မြင်လျှင် ၀မ်းနည်းတကြီးနဲ့ ငိုလေတော့သည်။

သားကြီးကတော့ နီရဲနေတဲ့ မျက်၀န်းတွေဖြင့် သူ့ညီအား ကြည့်ကာ တုန်လှုပ်နေလေသည်။

"မင်းစက်ကို ဒီလိုဖြစ်အောင်လုပ်လိုက်တဲ့ အဲ့လူက အခုဘယ်မှာလဲ ဒယ်ဒီ..... သား သူ့ကို တစ်ခုခုပြန်လုပ်ရမှ ကျေနပ်နိုင်မယ်...."

အငယ်လေးခွန်းစက်က အစ်ကိုဖြစ်သူကို ဖက်ကာ ငိုနေသလို သားကြီးကလဲ သူ့ညီလေး ဒီလိုဖြစ်ရပါ့မလားဆိုပြီး ဒေါသတွေ ထွက်ကာ သည်းမခံနိုင်ဖြစ်နေလေသည်။

"ဒီကိစ္စကို ဒယ်ဒီ တာ၀န်ထားလိုက်သား .... ဒယ်ဒီ မိသားစုကို ထိခိုက်စေတဲ့သူကို ဒယ်ဒီ လုံး၀ခွင့်လွှတ်မှာ မဟုတ်ဘူး.....အဲ့တာကြောင့် သားကတော့ စိတ်ကိုလျှော့လိုက် ဟုတ်ပြီလား...... သားညီလေးက အရမ်း၀မ်းနည်းလာတာ..... သားက နည်းနည်းနှစ်သိမ့်ပေးလိုက်ဦး......"

စက် သားကြီးရဲ့ ပခုံးကို ပုတ်ပြီး ပြောလိုက်တော့ သားကြီးက နာခံဟန်ဖြင့် ခေါင်းငြိမ့်ပြလာသည်။

"မာမာ....."

ထိုအချိန်မှာပဲ ကြီးကြီးမြရဲ့ကိုယ်ပေါ်မှာ ရှိနေသည့် သမီးငယ်က သူမအား လှမ်းခေါ်လာတာကြောင့် ရှင်မွေ့ လှမ်းကြည့်လိုက်မိသည်။

သမီးက သူလေးကို ချီပါဆိုပြီး လက်လေးနှစ်ဖက်ကို လှမ်းပေးလာလျှင် ရှင်မွေ့ နွမ်းနယ်နေတဲ့ မျက်၀န်းတွေဖြင့် ပြုံးပြကာ သမီးကို ကြီးကြီးမြဆီမှ လွှဲပြောင်းချီယူလိုက်သည်။

အိမ်မှာတစ်ခုခု ဖြစ်တာကို သမီးက ရိပ်မိနေ၍လားတော့ မပြောတတ် .... မျက်နှာလေးက အရင်လို အပြုံးရိပ်လေးတွေမရှိဘဲ ညှိုးငယ်နေကာ အစ်ကိုတွေကိုကြည့်ပြီး သူလေးကပါ လိုက်ငိုတော့မလိုမျိုး မဲ့တဲ့တဲ့လေး ဖြစ်နေသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now