🚨 အပိုင်း 25 🚨

29.6K 777 31
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

🚨 အပိုင်း 25 🚨

"ဒီညနေ ကလေးတွေနဲ့ ပန်းခြံသွားခဲ့ရတာ တော်တော်လေးမှ ပျော်ခဲ့ရဲ့လား....."

အိမ်ကို နောက်ကျမှ ပြန်ရောက်ပြီး ရေချိုးဖို့ပြင်နေသည့် သူက သူမကို ကျောပေးကာ မေးလာလျှင် ရှင်မွေ့ သူ့ရဲ့ နောက်ကျောပြင်လေးကို လှမ်းကြည့်မိသွားရသည်။

"အဟွန်း ပျော်တာပေါ့ ..... ကျွန်မလဲပျော်တယ်...  ကလေးတွေလဲ ပျော်တယ်.... Fluffy လေးဆို အခုမှ အပြင်မှာ လွတ်လွတ်လပ်လပ်ကစားရလို့ထင်တယ်....ခုန်လိုက်ပေါက်လိုက်နဲ့ တအားကို ပျော်နေတာ .... သူ့အစ်ကိုတွေနဲ့လဲ ဆော့လိုက်တာ ပြောမနေပါနဲ့တော့ ..... ပြီးတော့လေ ကျွန်မနဲ့ ကလေးတွေ အဲ့ပန်းခြံနားမှာရောင်းတဲ့ ကိုရီးယား corn dog လေးတွေလဲ ၀ယ်စားခဲ့ကြသေးတယ်....."

ဒီနေ့ ပျော်ခဲ့ရတဲ့ အကြောင်းတွေကို ရှင်မွေ့ တက်တက်ကြွကြွလေး ပြောလိုက်တော့ သူက ​ဖြည်းဖြည်းချင်း ခေါင်းကို
ငြိမ့်ပြလာလေသည်။

"မင်းပြောပြတာနဲ့တင် ဘယ်လောက်ပျော်ဖို့ကောင်းလဲဆိုတာ ကိုယ်ခန့်မှန်းမိပါတယ် ..... မင်းတို့သားအမိတွေ ပျော်ရင် ကိုယ်လဲ ပျော်ပါတယ်......"

ကိုယ်လဲ ပျော်ပါတယ်ဆိုတဲ့ အသံရဲ့ နောက်ကွယ်မှာ မပျော်တဲ့ အငွေ့အသက်တွေကို ရှင်မွေ့ အတိုင်းသား ခံစားနေရလေသည်။

"အဟမ်း..... ဒါနဲ့ ရှင်ရော ဒါရိုက်တာအဖွဲ့၀င်တွေနဲ့ တွေ့ခဲ့တာ အဆင်ပြေလား ......"

"အင်း .... ပြေပါတယ် .... အဖိုးကြီးတွေနဲ့ လုပ်ငန်းအကြောင်းတွေပြောရတာ မင်းနဲ့ သားလေးတွေလိုတော့ ဘယ်ပျော်ဖို့ကောင်းပါ့မလဲ....."

ပြောပြီးတာနဲ့ သူက သူ့ရဲ့ ရှပ်အင်္ကျီအဖြူရောင်ကို အ၀တ်ခြင်းထဲ ထည့်ကာ ရေချိုးခန်းထဲ ၀င်သွားတာကြောင့် ခုတင်ပေါ်တွင် ရှင်မွေ့ တစ်ယောက်ထဲ ကြောင်အမ်းအမ်းလေး ဖြစ်ကာ ကျန်ခဲ့ရသည်။

မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် စက်မဟာတည် ဘာဖြစ်သွားတာလဲဆိုတာ ရှင်မွေ့  စဥ်းစားခန်း၀င်သွားရသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now