♥️ အပိုင်း 67 ♥️

6.9K 480 17
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 67 ♥️

"ကိုကို 1 က မင်းသားလုပ်ရင် သားသားလဲ မင်းသားလုပ်မယ်လေ မာမီ ....."

"သားလဲ မင်းသား လုပ်ချင်တယ် မာမီ .... သားကရော ကိုကို့လို မင်းသားလုပ်လို့ မရဘူးလား......"

သားကြီးက နောက်ဆုံးတော့ သူမဇာတ်လမ်းတွဲထဲမှာ ပါတဲ့ ဗီလိန်ရဲ့ ငယ်ဘ၀နေရာကနေ သရုပ်ဆောင်ပေးဖို့ သဘောတူလိုက်တာမို့ အကောင်ပေါက်လေးတွေမှာ အဲ့အကြောင်းကို သိပြီး အခုလိုမျိုး သူတို့လဲ မင်းသားလုပ်ချင်ကြောင်းကို သူမနားမှာ နားပူနားဆာ လာလုပ်နေကြတာဖြစ်သည်။

"ကိုကိုက မင်းသား လုပ်ရမှာမဟုတ်ဘူးလေ သားတို့ရဲ့ ..... ဗီလိန်လုပ်ရမှာ...."

"ဘာပဲဖြစ်ဖြစ် ဗီလိန်ကလဲ မိုက်တယ်လေ မာမီကလဲ ....."

"ဟုတ်တယ် ဗီလိန်တွေက အရမ်း Strong ဖြစ်ကြတာ ..... သားသားကြိုက်တယ်..... မာမီ သားသားနဲ့ ကိုကို 2 လဲ တစ်ခန်းလောက် ၀င်သရုပ်ဆောင်လို့ မရဘူးလားဟင်..."

လက်ညှိုးလေးတစ်ချောင်းထောင်ပြီး မျက်နှာငယ်လေးနဲ့ တောင်းဆိုလာသည့် ခွန်းစက်လေးကို ကြည့်ပြီး ရှင်မွေ့ သဘောကျစွာရယ်လိုက်မိသည်။

"မမ် မမ် မမ် မမ် ၀ူး .... "

ထိုအချိန်မှာပဲ အိပ်ရာမှနိုးလာသည့်သမီးက စက်ရဲ့ လည်ပင်းကို ဖက်ပြီး အပေါ်ထပ်ကနေ ဆင်းလာလေသည်။

အစ်ကို၂ယောက် သူမနားမှာ ချွဲနေတာကို မြင်တာနဲ့ သမီးက သူပါ ၀င်ပြီး စကားတွေဖြတ်ပြောတော့သည်။

ရှင်မွေ့နားမှာ တွန့်လိမ်နေကြတဲ့ သားလေး ၂ယောက်ကြောင့် စက် မျက်ခုံးတွေ ပင့်တက်သွားရသည်။

"သားလေးတွေ ဘာဖြစ်လို့လဲ ရှင်မွေ့ ....."

"အဟွန်း .... သူတို့အစ်ကိုကြီး ရုပ်ရှင်ရိုက်မှာကို သိသွားလို့ သူတို့လဲ ရုပ်ရှင်ရိုက်ချင်တယ်ဆိုပြီး ရှင်မွေ့ကို ပူဆာနေကြတာ စက်....."

"မာ မာ မာ မား....."

"ဟော တွေ့လား မာမီ .... ရုပ်ရှင်ရိုက်ချင်တဲ့ထဲမှာ သားနဲ့ ခွန်းစက်တင် မဟုတ်ဘူး ညီမလေးလဲပါတယ်....."

♥️ Extraordinary Marriage ♥️Where stories live. Discover now