♥️ အပိုင်း 24 ♥️

18.1K 874 28
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 24 ♥️

"အား..... ပင်ပန်းလိုက်တာကွာ...... တော်သေးတာပေါ့ အချိန်ရွှေ့လိုက်ပေမယ့် အစည်းအဝေးက အောင်အောင်မြင်မြင်နဲ့ ပြီးသွားလို့ ....."

စက် ရုံးခန်းထဲသို့ပြန်၀င်လာပြီးနောက် သူ့စားပွဲမှာ ၀င်ထိုင်လိုက်ကာ နားထင်ကို လက်နဲ့ အသာဖိထောက်ရင်း ပင်ပန်းကြောင်း ညည်းညူလိုက်မိသည်။

"CEO ဒီမှာပါ......"

သူ့ရှေ့ကို ရောက်လာသည့် energy drink ပုလင်းအသေးလေးကြောင့်
သူ့အတွင်းရေးမှူးဖြစ်သူ ဇာနည်အား စက် မျက်လုံးလှန်ကာ ကြည့်လိုက်မိသည်။

"ဒီဟာက ဘာလုပ်တာလဲ....."

"CEO ကြည့်ရတာ ပင်ပန်းနေတယ်ထင်လို့ energy drink လေး ယူလာပေးတာပါ..... ပုလင်းကို လှုပ်ပြီး အမြန်သောက်လိုက်ပါ ....."

စကားကို ပြုံးစစနဲ့ ပြောနေတဲ့ ဇာနည်ကြောင့် စက် ပိုပြီးမျက်မှောင်ကျုံ့လိုက်မိသည်။

"မင်းမျက်နှာက ပြုံးစိစိနဲ့ ဘာဖြစ်နေတာလဲ ဇာနည်..... ပြီးတော့ ရုတ်တရက်ကြီး
ဒီ energy drink ကိုလာချပေးတာကရော ဘာသဘောလဲ ...."

"အဟဲ CEO ကလဲ ဘာသဘောနဲ့မှ မဟုတ်ပါဘူးဗျာ ..... ဆရာတပည့်အချင်းချင်းကို ဟန်လုပ်မနေပါနဲ့... ကျွန်တော် CEO အနားမှာ အလုပ်လုပ်လာတာ 9နှစ်ပြည့်တော့မယ် ... ဒီ 9 နှစ်အတွင်းမှာ CEOက အလုပ်ကို နောက်ကျမှ ရောက်လာတယ်ဆိုတာမျိုးမှ မရှိခဲ့တာ ....

အခုလို အလုပ်ကို အရမ်းအလေးထားတဲ့ CEO က ကုမ္ပဏီကို အချိန်တွေ အများကြီး နောက်ကျပြီးမှ ရောက်လာထဲက ကျွန်တော်သဘောပေါက်ပြီးသားပါ.....ပြီးတော့ မျက်တွင်းတွေလဲ ချိုင့်၀င်နေတယ်ဆိုတော့ ဒီက တပည့်ဖြစ်သူက အလိုက်တသိနဲ့ အကောင်းဆုံး Energy drink လေးကို ၀ယ်လာပေးခဲ့တာပါ..... မြန်မြန်လေး သုံးဆောင်လိုက်ပါ "

"ဘာကိုအလိုက်သိတာလဲ.... ဟေ့ကောင် မင်း အခုချက်ချင်း ငါ့မျက်စိရှေ့က ထွက်သွားစမ်း....ရာရာစစ ဒီကောင်ကတော့ ကိုယ့်အထက်အရာရှိကိုများ အကြောက်အလန့်မရှိ ဘာတွေလာပြောနေတာလဲ..... တစ်ခါလေး နောက်ကျမိတာကိုများ ယုန်ထင်ကြောင်ထင်နဲ့ ထင်ချင်တိုင်းကို ထင်နေတော့တာပါလား......"

♥️ Extraordinary Marriage ♥️Onde histórias criam vida. Descubra agora