♥️ အပိုင်း 94 ♥️

7.5K 467 14
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 94 ♥️

နီရဲစိုလွင်နေတဲ့ ၀ိုင်နီရောင် ပွဲတက်ဂါ၀န်ရှည်လေးကို ၀တ်ထားပြီး အလှပြင်နေတဲ့ သူမကို သမီးက မေးလေးထောက်ကာ ငေးကြည့်နေလေသည်။

ရှင်မွေ့ နားဆွဲတစ်ဖက်တပ်နေရင်းနဲ့ သမီးကို ငဲ့ကြည့်ပြီး ပြုံးလိုက်မိသည်။ အကြည့်ချင်းဆုံသွားသည့် အခိုက်အတန့်မှာ သမီးကလဲ သူမအား အမိအရ ပြန်ပြုံးပြလာလေသည်။

"မာမာက ရမ်းလှသာပဲနော် ..... ရွန်း ပုံပြင်ချာအုပ်ထဲက နတ်တမီးရေး ကျနေသာပဲ...... မာမာက လှရွန်းရို့  ရွန်းက ဒယ်ဒယ့်ကိုသောင် ပေးချင်သော့၀ူး......"

တစ်ဖက်မှ နာရီ၀တ်နေတဲ့ စက်မှာတော့ သမီးပေါက်စရဲ့ စကားကို ကြားပြီး လှုပ်ရှားမှုတွေ အလိုလို ရပ်တန့်သွားရသည်။

"Aigoo ..... မာမီက အဲ့လောက်တောင် လှတယ်ပေါ့လေ ဟုတ်လား......"

"အွမ်း.... မာမာက ကောင်းကင်ကြီးရောက်ကို လှသာ ..... ခုဏတုန်းကဆို မာမာ နားကပ်၀တ်သာရေ ရွန်းမှာ မျက်စိသွေသောင် မှိတ်ကုန်သာ....."

ခုဏ သူမစိန်နားဆွဲလေးကို စစ၀တ်လိုက်တဲ့အချိန်မှာ အရောင်လက်သွား၍ မျက်စိကျိန်းသွားတာကို မျက်စိတွေတောင်မှိတ်ကုန်တယ်ဆိုပြီး မျက်လုံးကို လက်လေးနဲ့ အုပ်ပြလာတဲ့ သမီးငယ်ကို ရှင်မွေ့ အသည်းမယားဘဲ မနေနိုင်ချေ။

"မာမီ့ကို ဒယ်ဒီ့ဆီ မပေးချင်လို့တော့ မရဘူးလေ သမီးရဲ့ ..... ဒယ်ဒီက ဒီနေ့ မာမီနဲ့ အတူတူ ပွဲတက်ရမှာလေ....."

ရှင်မွေ့ အနားမှာ ကပ်နေတဲ့ သမီးကို စက် အနောက်ကနေ စွေ့ခနဲ ချီပွေ့လိုက်တော့ သမီးက အပြုံးလေးတစ်ပွင့်နဲ့ သူ့လည်တိုင်အား သိုင်းဖက်လာလေသည်။

"ဒယ်ဒယ်က မာမာကို လိုချင်ရို့ရား....."

"ဟင်...... မာမီက အစထဲက ဒယ်ဒီ့အပိုင် မဟုတ်ဘူးလား ......"

"ဟုတ်ပေါင်၀ူးနော်...... မာမာကို ရွန်းကပိုင်သာ...... ရွန်းက မာမာ ကိုရဲ ပိုင်သယ်... ဒယ်ဒယ် ကိုရဲ ပိုင်သယ် .... ကိုကိုတို့ကိုရဲ ပိုင်သယ်..... ဖရက်ဖီကိုရဲ ပိုင်သယ်...... ရွန်းက အားရုံးအားရုံးကို ပိုင်သာ......"

♥️ Extraordinary Marriage ♥️Where stories live. Discover now