♥️ အပိုင်း 43 ♥️

11K 591 13
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 43 ♥️

တဒိတ်ဒိတ်ကြားနေရတဲ့ နှလုံးခုန်သံ သေးသေးလေးကို နားထောင်ရင်း စက်နဲ့ ရှင်မွေ့  တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးလိုက်မိကြသည်။

"ကောင်းကောင်းကြားရတယ်မဟုတ်လား....."

"ဟုတ်ကဲ့ ကြားရပါတယ် ဆရာမကြီး...."

"အဟင်း....  နှလုံးခုန်သံလေးကတော့ တကယ်အားကောင်းတာပဲ.... ကြည့်ရတာ မေမေ့ရဲ့  ဗိုက်ထဲမှာ ကလေးလေးက ကောင်းကောင်းကြီးပြင်းဖို့ တာဆူနေပြီ ထင်တယ်......"

ဆရာမကြီးရဲ့ စကားကြောင့် စက် အသာပြုံးလိုက်မိသည်။

"ဟိုလေ ဆရာမကြီး .... ကလေးက ယောကျာ်းလေးလား၊ မိန်းကလေးလား ဆိုတာကို တိတိကျကျသိရဖို့ကလေ ကိုယ်၀န်ဘယ်နှလလောက်ဆိုရင် ရပြီလဲဟင်......"

"ပုံမှန်ဆိုရင်တော့ Gender ခွဲဖို့က ကိုယ်၀န် 14 ပတ်လောက်ဆိုရင် ultrasound ရိုက်ပြီး ဘာလေးလဲဆိုတာ ကြည့်လို့ရပြီ သားရဲ့ .... ဒါပေမဲ့ စောသေးတော့ ယောကျာ်းလေးနဲ့ မိန်းကလေး ခွဲဖို့အတွက် သိပ်မသဲမကွဲဖြစ်နေတတ်တယ်.... တိတိကျကျသိဖို့အတွက် ဆိုရင် ကိုယ်၀န် 20 ပတ်လောက်မှ ရိုက်တာတော့ အကောင်းဆုံးပါပဲ....."

"ဟုတ်ကဲ့ဆရာမကြီး ကျေးဇူးအများကြီးတင်ပါတယ်နော်....."

"နှစ်ယောက်လုံး လိုချင်နေတဲ့ မီးမီးလေး ဖြစ်ပါစေလို့ ဆုတောင်ပေးပါတယ်နော်.....ဒါနဲ့ ကိုကိုတွေကရော ဘေဘီလေးရောက်လာမယ်ဆိုတော့ ဘာပြောကြသေးလဲ သမီး ....."

"သားလေးတွေကလဲ အရမ်းကို ပျော်ပြီး ၀မ်းသာနေကြပါတယ် ဆရာမကြီး.... အခုလဲ အကြီး၂ယောက်က ကျောင်းဖျက်ပြီးတောင် ဆေးရုံလိုက်ခဲ့မယ်လုပ်နေတာ....အကြီး ၂ယောက်လိုက်မယ်ဆိုတော့ အငယ်လေးကလဲ သူပါ လိုက်မယ်လုပ်တော့တာပဲ.... ၃ယောက်လုံးကို အခုဆေးရုံလိုက်ရင် ညီမလေးမွေးတဲ့အချိန် ဆေးရုံမလာရတော့ဘူးနော်လို့ ပြောလိုက်တော့မှ မလိုက်ဘဲနေခဲ့ကြတာ ဆရာမကြီးရေ....."

"ကြည့်ပါဦး အစ်ကိုကြီးတွေက ချစ်တတ်လိုက်ကြတာ..... အခုထဲက သူတို့ အငယ်လေးကို ဂရုစိုက်တတ်နေကြပြီပဲ .... မိသားစု ဓာတ်ပုံလေးဘာလေးရော မရှိဘူးလားဟင် သမီး ..... သမီးတို့ရဲ့ ချစ်စရာမိသားစုလေးကို ဆရာမကြီး မြင်ဖူးချင်လို့.... "

♥️ Extraordinary Marriage ♥️Where stories live. Discover now