♥️ အပိုင်း 47 ♥️

10.4K 552 7
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 47 ♥️

နူးညံ့အိစက်နေတဲ့ ၀ါဂွမ်းလုံးလေးတစ်လုံးက သူ့အနားကို ပိုပြီးတိုးကပ်လာတဲ့ခံစားချက်​မှာ စက်အတွက်တော့ အိပ်မက်ယောင်ယောင် တကယ်ယောင်ယောင်ပင်။

လက်တွေ့နဲ့ အိပ်မက် အစစ်အမှန်ကို ဝေဖန်မပိုင်းခြားနိုင်သေးခင်မှာပဲ သူ့နှုတ်ခမ်းကို နီရဲရဲ ချယ်ရီသီးလေးတွေကလဲ ထိကပ်လာတာကြောင့် စက် နှုတ်ခမ်းတွေ ပြုံးယောင်သမ်းသွားရသည်။

နူးညံ့တဲ့ ချယ်ရီသီးလေးတွေက သူ့နှုတ်ခမ်းနဲ့ ထိကပ်ပြီးမှ ပြန်ဝေးကွာသွားတာကြောင့် စက်မျက်မှောင်ကျုံ့လိုက်မိသည်။

ထိုအချိန်မှာပဲ နူးညံ့တဲ့ ရယ်သံလွင်လွင်လေးကို ကြားလိုက်ရပြီး သူ့ရဲ့ ခန္ဓာကိုယ်က လှုပ်နှိုးခြင်းကို ခံရကာ စက်လဲ အိပ်ရာမှ နိုးသွားခဲ့ရသည်။

စက် မျက်လုံးတွေ ဖွင့်ဖွင့်ချင်း ဦးစွာပထမမြင်လိုက်ရသည်မှာ သူ့ရဲ့ ချစ်လှစွာသော ရှင်မွေ့လေးကိုပင်။

အဟွန်း .... လက်စသတ်တော့ သူ ခံစားမိတဲ့ ၀ါဂွမ်းလုံးလေးက ရှင်မွေ့ဖြစ်နေပြီး ချယ်ရီသီးလေးတွေကတော့ နီမြန်းစုထွေးနေသည့် ရှင်မွေ့ရဲ့ နှုတ်ခမ်းလွှာလေးတွေ ဖြစ်နေခဲ့တာပင်။

အလယ်မှာ လုံး၀န်းတဲ့ ဗိုက်လေးခံနေ၍ ရှင်မွေ့အား အရင်လို တင်းတင်းကြပ်ကြပ်မပွေ့ဖက်နိုင်တော့တာကြောင့် စက် ခပ်ဖွဖွပဲ ဖက်လိုက်ကာ ကတ္တီပါသားလို နူးညံ့တဲ့ ရှင်မွေ့ရဲ့ နှုတ်ခမ်းလွှာလေးကို သူ့လက်မနဲ့ ပွတ်သပ်ရင်း ပြုံးလိုက်မိသည်။

ထို့နောက် သူ့ရဲ့ တစ်နေ့တာကို အကောင်းဆုံးစတင်နိုင်ဖို့အတွက် အနီရောင် နှုတ်ခမ်းပါးလေးကို သူ့ရဲ့ နှုတ်ခမ်းတွေနဲ့ ထိတွေ့ပြီး နမ်းရှိုက်လိုက်မိသည်။

ရင်ခွင်ထဲမှ အလိမ္မာတုံးလေးကတော့ သူ့အနမ်းတွေကို ကြည်ဖြူစွာ ခံယူပြီး သူ့ရင်ဘတ်ပေါ် ခေါင်းလေးမှီတင်ကာ အချွဲတုံးလေးပင် လုပ်လာတာကြောင့် စက် အသည်းယားသွားရသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now