♥️ အပိုင်း 81 ♥️

6.7K 525 18
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 81 ♥️

ကုမ္ပဏီရဲ့ တစ်လတာ လုပ်ငန်းစဥ်တွေအတွက် အစည်းအဝေးလုပ်လို့ ပြီးဆုံးသွား၍ စက် အစည်းအဝေးခန်းထဲမှ ထွက်လာရုံပဲ ရှိသေးသည်..... မလှမ်းမကမ်းမှ ဇာနည်က သူရှိရာဆီကို အလောတကြီး ပြေးလာသည်။

အတွင်းရေးမှူးတစ်ယောက်ရဲ့  ပုံရိပ်ကိုပင် မထိန်းထားနိုင်တော့အောင် ​အလျင်စလိုပြေးလာသည့် ဇာနည့်ပုံစံက တစ်ခုခုကို အရေးကြီးနေသလိုပင်။

"စီအီးအို ....."

သူ့ရုံးခန်းနဲ့ အစည်းအဝေးခန်းက  အနည်းငယ်ဝေးတာကြောင့် ဇာနည်ကြည့်ရတာ တောက်လျှောက်ပြေးလာပုံရ၏။ စက်နဲ့အတူ လိုက်ထွက်လာတဲ့ဒါရိုက်တာအဖွဲ့၀င် လူကြီးတွေကလဲ ဇာနည်ကို ဘာဖြစ်လို့ပါလိမ့်ဆိုတဲ့ မျက်လုံးတွေနဲ့ ကြည့်လာကြသည်။

"ဘာဖြစ်လာတာလဲ ဇာနည်..... ဘာလို့ ရေးကြီးသုတ်ပျာ ပြေးလာရတာလဲ......"

"စီအီးအို .....ခုဏကပဲ ဆရာကတော်ဆီက ဖုန်း၀င်လာပါတယ်.....တော်တော်အရေးကြီးတဲ့ ပုံပါပဲ...... စီအီးအိုကို အမြန်ဆုံး ဖုန်းပြန်ဆက်ဖို့ မှာသွားပါတယ်...... ပြီးတော့ ဆရာကတော်က ဖုန်းထဲမှာ ငိုနေသလိုပဲ စီအီးအို .... "

"ဟင်....."

ရှင်မွေ့က ဖုန်းထဲမှာ ငိုနေသလိုပဲဆို၍ စက် ဟင် ခနဲ ဖြစ်သွားရသည်။

ထို့နောက် ဇာနည်လက်ထဲမှ သူ့ဖုန်းကို ယူကာ ရှင်မွေ့ဆီကို ချက်ချင်းဖုန်းခေါ်လိုက်သည်။

ဖုန်းကချက်ချင်း ၀င်သွားလျှင် တစ်ဖက်ဖုန်းထဲမှ ရှင်မွေ့ရဲ့ ရှိုက်သံလေးက ထွက်ပေါ်လာလေသည်။

"ရှင်မွေ့ ..... ဘာဖြစ်လို့လဲ ..... ကိုယ့်ကို ပြောပါဦး ..... ဘာလို့ငိုနေတာလဲ ရှင်မွေ့ ......"

တစ်ဖက်မှ ရှိုက်သံသဲ့သဲ့ဖြင့် ပြောပြလာတဲ့ ရှင်မွေ့ရဲ့ စကားအဆုံး စက် ဖုန်းကိုင်ထားတဲ့ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

သားလေးက ပါးရိုက်ခံလိုက်ရ၍ နှုတ်ခမ်းပေါက်သွားပြီး Fluffy ကလဲ အခု အရေးပေါ် ဖြစ်နေတယ်တဲ့လေ .....

♥️ Extraordinary Marriage ♥️Where stories live. Discover now