♥️ အပိုင်း 87 ♥️

6.9K 460 14
                                    

♥️ Extraordinary Marriage ♥️

[ထူးခြားသော လက်ထပ်ခြင်း ]

အပိုင်း 87

Speed boat ကို ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနေတဲ့ စက်ကိုကြည့်ကာ ဒီလောက်ထိ မောင်းတတ်လိမ့်မယ်လို့ မထင်ထားတာကြောင့် ရှင်မွေ့မှာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။

သူ speed boat မောင်းတတ်တာကို ရှင်မွေ့တစ်ယောက် အတော်လေး ထူးထူးဆန်းဆန်းဖြစ်နေတာမို့ စက် ကျေနပ်စွာပြုံးလိုက်မိသည်။

"စက်က ဘယ်တုန်းက Speed boatကို မောင်းတတ်သွားရတာလဲ......"

"ဟိုးအရင်ထဲက မောင်းတတ်တာရှင်မွေ့ရဲ့ ..... ကိုယ် လူပျိုဘ၀ထဲက ဆိုပါတော့ ...... ဒီကြားထဲသာ မမောင်းဖြစ်တာ......ဘယ်လိုလဲ ကိုယ် speed boat မောင်းတဲ့ပုံစံက ကြည့်လို့ကောင်းတယ် မဟုတ်လား......"

စက်က သူမအား မျက်လုံးတစ်ဖက်မှိတ်ပြကာ ပြောလာလျှင် စက်အား ရှင်မွေ့ မျက်စောင်းနုနုတစ်ချက် ရွယ်လိုက်ပြီး လက်မောင်းကိုလဲ ခပ်ဖွဖွ ရိုက်လိုက်သည်။

အလကား..... သူ့ဘက်သူ တအားယက်တတ်သည့် လိပ်ကြီး စက်မဟာတည်။

"အခု ရှင်မွေ့တို့က ဘယ်ကိုသွားနေတာလဲ စက် ..... မဟုတ်မှ စက် ဒီအတိုင်း လျှောက်မောင်းနေတာလား......"

"ဘာလို့ ကိုယ်က လျှောက်မောင်းရမှာလဲ ရှင်မွေ့ကလဲ ..... ကိုယ် ခုဏကပြောထားတယ်လေ..... ရှင်မွေ့ကို နေရာလေးတစ်ခုဆီ ခေါ်သွားမယ်လို့...."

"ဘယ်နေရာလဲဆိုတာ အခုပြောပြလိုက်တော့ ဘာဖြစ်မှာမို့လို့လဲလို့ စက်ကလဲ....."

"ရှင်မွေ့ကလဲ အခုပြောပြလိုက်ရင် ဘယ်ရင်ခုန်စရာကောင်းတော့မှာလဲ..ခဏနေရင် ရောက်တော့မှာပါ..... အဲ့တာကြောင့် နည်းနည်းပဲ ထပ်စောင့်ပေး....."

စက်ရဲ့ စကားကြောင့် ရှင်မွေ့ နှုတ်ခမ်းလေးမှာ အလိုမကျဖြစ်စွာ စု၀ိုင်းသွားရသည်။

ထို့နောက် မေးလို့မရတော့မယ့်အတူတူ ဖုန်းထုတ်ပြီး ဓာတ်ပုံလေးတွေပဲ ရိုက်လိုက်သည်။ အဲ့တာမှ အိမ်ပြန်ရောက်ရင် သူမရဲ့ ကလေးတွေကို ရိုက်ထားခဲ့တဲ့ ဓာတ်ပုံလေးတွေ ပြန်ပြလို့ရမှာပင်။

♥️ Extraordinary Marriage ♥️Where stories live. Discover now