♥️ အပိုင်း 54 ♥️

9.3K 469 29
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 54 ♥️

ဒီနေ့က သမီးလေး ရက် 100 ပြည့်မို့ ရှင်မွေ့တို့ တစ်မိသားစုလုံး အလုပ်တွေ ရှုပ်နေကြသည်။

"အဲ!!!! "

သမီး နိုးလာရင် ရေချိုးပြီး ၀တ်ပေးရမယ့် ပုလဲနှစ်ရောင် ဂါ၀န်လေးကို ရှင်မွေ့ ဗီရိုထဲမှ ထုတ်ပြီး ဗီရိုတံခါးကို ပြန်ပိတ်လိုက်သည့် အချိန်မှာပဲ ပုခက်ထဲမှ သမီးရဲ့ အသံလေးကို ကြားလိုက်ရတာကြောင့် လှစ်ခနဲ ပြုံးလိုက်မိသည်။

ထို့နောက် လက်ထဲမှ ဂါ၀န်လေးကို သူမတို့ အိပ်ရာပေါ် တင်လိုက်ပြီး သမီးရဲ့ ပုခက်လေးဆီသွားကြည့်တော့ သမီးက သူ့ခြေထောက်လေးတွေကို ယက်ကန်ယက်ကန်လုပ်ပြီး မျက်လုံးလေးတွေ ၀ိုင်းစက်စွာနဲ့ အိပ်ရာမှ နိုးနေလေသည်။

နို့ထစို့သည့် အချိန်မှလွဲ၍ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ထားတာကြောင့် အစ်အစ်ကလေး ဖြစ်နေသည့် သမီးရဲ့ မျက်နှာလေးကို ကြည့်ပြီး ရှင်မွေ့ သဘောကျစွာပြုံးလိုက်မိကာ သမီးကို ပုခက်ထဲမှ ပွေ့ချီလိုက်သည်။

"ယွန်းရေ ကိုကိုတို့ လာတယ် ......"

"ယွန်းရေ နိုးပြီလား....."

ထိုစဥ် သားလေး မင်းစက်နဲ့ ခွန်းစက်တို့က အခန်းထဲ ၀င်လာကြတာကြောင့် သားလေးတွေကို ရှင်မွေ့ ပြုံးကြည့်လိုက်မိသည်။

"အဲ၀ူး!! "

သူမပခုံးပေါ်မှ သမီးကလဲ အစ်ကိုတွေကို မြင်တာနဲ့ အသံလေး လှမ်းပေးကာ ခြေထောက်လေးတွေကိုပါ လှုပ်ပြီး ပျော်လေသည်။

"ယွန်းရေ ဒီမှာ ကိုကိုတို့ကို ကြည့်နော်..... ခွန်းစက်ရေ လုပ်ကြရအောင်...."

"ဟုတ် ကိုကို 2 "

သားလေးတွေ ဘာလုပ်မှာလဲဆိုတာကို ရှင်မွေ့ပင် စိတ်၀င်စားသွားရသည်။

အကောင်ပေါက်လေး နှစ်ယောက်က သူတို့ ဘောင်းဘီအိတ်ကပ်ထဲမှ Party Horn လေးတွေကို ထုတ်ပြီး ပြိုင်တူ သမီးအား မှုတ်ပြကြလျှင် သမီးက သဘောတွေကျပြီး မျက်နှာလေးမော့ကာ တခစ်ခစ်နဲ့ရယ်ပါတော့သည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now