♥️ အပိုင်း 6 ♥️

17K 778 57
                                    

Extraordinary Marriage

[ထူးခြားသောလက်ထပ်ခြင်း]

♥️ အပိုင်း 6 ♥️

"ဆရာမကြီး သားက ​ေသမှာလားဟင် "

ဒေါက်တာချိုချိုလွင်မှာ stethoscope (နားကြပ်)လေးနဲ့ စမ်းသပ်နေတုန်းမှာပဲ မင်းစက်လေးရဲ့ ငိုသံပါနေသည့် မေးခွန်းလေးကြောင့် ပြုံးမိသွားရသည်။

"မ​ေသပါဘူး သားရဲ့ ..... သားက ဘာလို့ ​ေသရမှာလဲ .....အခုက ရေကျောက်လေးတွေ ပေါက်လာတာပါ......ဘာမှ မဖြစ်ဘူးနော်......"

"သားကိုယ်ပေါ်က ဒီကြောက်စရာကောင်းတဲ့ အဖုကြီးတွေကရော ပျောက်သွားမှာလား ဆရာမကြီး .... "

"ပျောက်သွားမှာပေါ့ သားရဲ့ .... ဒါပေမဲ့ ဒီအဖုလေးတွေက ထပ်ထွက်လာဦးမှာ .... သူတို့ထွက်လို့ကုန်ပြီဆိုတော့မှ တဖြည်းဖြည်းနဲ့ ပျောက်သွားမှာ ..... သားက ရက်လေး နည်းနည်းတော့ စောင့်ရလိမ့်မယ်.... "

ဒေါက်တာချိုချိုလွင်မှာ ကလေးကို စိတ်သက်သာရာရအောင်လို့ ပြုံးပြလိုက်ပြီးမှ ဒီဘက်မှာရှိနေသည့် စိတ်ပူနေတဲ့ CEO စက်နဲ့ ဇနီးသည်အား အကျိုးအကြောင်း ပြောပြဖို့ လုပ်ရသည်။

"ကလေးက ရေကျောက်ပေါက်တာပါ....ရေကျောက်ဆိုတာက ကူးစက်လွယ်ပြီး ၁၅နှစ်အောက် ကလေးတွေမှာ အဖြစ်များတာမို့ လောလောဆယ်တော့ ကောင်းစက်လေးရော၊ ခွန်းစက်လေးကိုပါ ဒီအခန်းထဲ မ၀င်ခိုင်းတာပိုကောင်းမယ်.... ရေကျောက်က နှာစေးတာတို့၊ ချောင်းဆိုးတာတို့ကနေလဲ ပျံ့နှံ့ပြီး ကူးစက်တတ်တယ်ဆိုတော့လေ.... ကြည့်ရတာ ကလေးက ကျောင်းကနေ ကူးလာတာထင်ပါတယ်.....

ဒီအနီရောင် အရည်ကြည်ဖုလေးတွေ အားလုံးပျောက်သွားတဲ့ အချိန်ကျမှ ကလေးကိုကျောင်းပြန်တက်ခိုင်းပါနော်.....အရည်ကြည်ဖုလေးတွေက ကြည့်ရတာ ထပ်ထွက်လာဦးမယ့်ပုံပါပဲ....ဒါပေမဲ့ ဘာမှစိုးရိမ်စရာမရှိပါဘူး....ခန္ဓာကိုယ်အနှံ့မှာ ဒီအဖုတွေပေါက်လာပြီးရင် နောက်တစ်ကြိမ် ရေကျောက်ထပ်မပေါက်တော့ဖို့အတွက် ခုခံအားတွေ ထွက်လာပါလိမ့်မယ်......

ကလေးကို အရည်များများတိုက်ပေးပါ..... နေရောင်ခြည်နဲ့ ထိတွေ့တာတို့၊ အပူချိန်များတဲ့ဆီသွားတာတို့ကို ရှောင်ပေးပါ.....အရမ်းပူတဲ့ အချိန်ကျရင် ချွေးတွေထွက်လာပြီး အရေပြားက ပိုယားယံလာတတ်ပါတယ်.... အဲ့အချိန် ကလေးက ယားလို့ ကုတ်ဖဲ့မိရင် ဘက်တီးရီးယားပိုးတွေ၀င်ပြီး အရေပြားထိခိုက်သွားနိုင်တယ်..... ကလေးကို လက်သည်းလေးတွေ ညှပ်ပေးပြီး အေးအေးလူလူရှိမယ့် ပွပွချောင်ချောင် ချည်ထည်လေးတွေပဲ ၀တ်ပေးပါ..... "

♥️ Extraordinary Marriage ♥️Where stories live. Discover now