🚨 အပိုင်း 95 🚨

16.7K 517 10
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

🚨 အပိုင်း 95 🚨

"စီအီးအိုစက်...... ဆရာကတော်ကို ကြည့်ရတာ အရမ်းမူးနေပြီထင်တယ်......"

"ဟုတ်တယ် ကိုမင်းနိုင် ..... ကျွန်တော့်အမျိုးသမီးက ၀ိုင်သိပ်မသောက်နိုင်ဘူး..... အဲ့တာကို အများကြီးသောက်မိသွားတာ......"

"ဒါဆို ဆရာကတော်ကို ခေါ်ပြီး စီအီးအိုစက် ခဏလောက်ဖြစ်ဖြစ်သွားနားလိုက်ပါလား ..... ဒါက ကျွန်တော်တို့ ဟိုတယ်ရဲ့ VIP ခန်းပါ ........ ဒီမှာဆို သီချင်းသံတွေနဲ့ ဆူနေတော့ ဆရာကတော် သက်တောင့်သက်သာ မဖြစ်လောက်ဘူး......."

ဟိုတယ်ပိုင်ရှင် ကိုမင်းနိုင် ကမ်းပေးလာသည့် VIP အခန်းကတ်ကို စက် တစ်ချက် စိုက်ကြည့်ပြီးနောက် ကိုမင်းနိုင်ပြောတဲ့အတိုင်း လုပ်ရန် သဘောတူလိုက်မိသည်။

"ကျေးဇူးအများကြီးတင်ပါတယ် ကိုမင်းနိုင်......"

"ဒီလူနဲ့ ဒီလူ ကျေးဇူးတင်စရာ မလိုပါဘူး စီအီးအိုစက်ရယ်....... အခုလိုမျိုး စီအီးအိုစက်တို့ ဇနီးမောင်နှံက ကျွန်တော့်ရဲ့ ဖိတ်ကြားမှုကို လက်ခံပြီး ပွဲတက်ပေးတာနဲ့တင် ကျွန်တော်က ၀မ်းသာနေတာပါ......"

ကိုမင်းနိုင်ရဲ့ စကားကြောင့် စက် ခပ်ဖျော့ဖျော့တစ်ချက်ပြုံးလိုက်မိသည်။

ထို့နောက် ကိုမင်းနိုင်အား နှုတ်ဆက်စကားပြောကာ ရှင်မွေ့အား တွဲခေါ်ပြီး VIP အခန်းရှိရာဆီသို့ ဦးတည်ခဲ့လိုက်သည်။

*

အခန်းထဲသို့ရောက်လျှင် ဖြူဖွေးအိစက်နေသည့် Luxury မွေ့ယာကြီးပေါ်သို့ ရှင်မွေ့ကို အသာချပေးပြီး သူ၀တ်ထားတဲ့ ကုတ်အင်္ကျီကိုလဲ စက် ဆွဲချွတ်လိုက်သည်။

ပြီးမှ ကြီးကြီးမြဆီကို ဖုန်းဆက်ကာ ဒီနေ့ည ပြန်လာဖြစ်မှာ မဟုတ်တော့တဲ့အကြောင်းကို လှမ်းပြောရသည်။

"ဟယ်လို ကြီးကြီးမြ ..... ကျွန်တော်ပါ....."

"........"

"ဒီနေ့ည ကျွန်တော်တို့ ပြန်မလာဖြစ်တော့ဘူး ကြီးကြီးမြ...... ဒီမှာလဲ ရှင်မွေ့က ၀ိုင်သောက်တာ များသွားပြီး မူးသွားလို့ ဟိုတယ်က အခန်းတစ်ခန်းကို ယူလိုက်ရတယ်....."

♥️ Extraordinary Marriage ♥️Where stories live. Discover now