♥️ အပိုင်း 84 ♥️

6.8K 444 8
                                    

Extraordinary Marriage

[ ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 84 ♥️

ရှင်မွေ့တို့ သားအမိတွေ အိမ်ထဲ၀င်သွားလောက်ပြီဆိုတော့မှ စက် ကားပေါ်ကနေ မျက်နှာထားတည်တည်ဖြင့် ဆင်းလိုက်သည်။

ထို့နောက် ပြဿနာရှာဖို့ လုပ်နေကြတဲ့ အဖိုးကြီးနဲ့ အဖွားကြီးတို့အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။

"မင်း.... မင်းတို့ လင်မယားက လူကြီးကို လူကြီးမှန်း မသိတတ်ကြဘဲ တော်တော်လေးကို ရိုင်းစိုင်းကြတာပဲ ....."

"ဟုတ်တယ်..... ငါ့မိန်းမပြောတာမှန်တယ်..... မင်းမိန်းမ ခုဏက လုပ်သွားတဲ့ လုပ်ရပ်က ဘယ်လောက်တောင် ရိုင်းစိုင်းလဲဆိုတာသိရဲ့လား...... ငါတို့ကို ခွေးတစ်ကောင်လောက်တောင် မျက်လုံးထဲမထည့်ဘဲ ခြံတံခါးကို ဆွဲပိတ်သွားတာ......"

"အဲ့ဒီတော့......"

စက် ဂရုမစိုက်တဲ့ ပုံစံမျိုးဖြင့် ပြန်ဖြေလိုက်တော့ အဖိုးကြီးရော အဖွားကြီးရောက ရုတ်တရက် ပြောစရာစကားတွေ ပျောက်သွားကြဟန်ဖြင့် ဆွံ့အသွားကြသည်။

"မလိုအပ်တဲ့ အမှိုက်သရိုက်တွေ ခြံထဲ၀င်မလာအောင်လို့ ကျွန်တော့်အမျိုးသမီးက ခြံတံခါးကို ပိတ်ပစ်လိုက်တာ ဘာများမှားနေလို့လဲ ......."

"ဘာ..... မင်း.... မင်း စော်ကားလှချည်လားကွ ......  မင်းက ငါတို့သားကို ထောင်ထဲ မရောက်ရောက်အောင်ပို့ဖို့ ကြိုးစားနေတဲ့အပြင် အခု ငါတို့လို လူကြီးသူမတွေကိုပါ တိရစ္ဆာန်တစ်ကောင်လောက်တောင် အလေးမထားဘဲ ရိုင်းပျနေသေးတယ် .... မင်း မိဘတွေသာ အခုမင်းရဲ့ လုပ်ရပ်တွေကို သိရင် ကျိန်းသေပေါက် အရှက်ရကြမှာပဲ ....."

ဘာမှမဆိုင်တဲ့ သူ့မိဘတွေကိုပါ ဆွဲထည့်လာတာကြောင့် စက်ရဲ့ အကြည့်တွေ ရက်စက်ကြမ်းကြုတ်ခြင်းအသွင်ကို ကူးပြောင်းသွားရသည်။

"အမယ်လေး ငါကမွေးရင် ငါ့သားအရွယ်လောက်ပဲ ရှိတဲ့ ကောင်ဆီမှာ ငါတို့လင်မယား ၂ယောက်လုံး အခုလိုအစော်ကားခံနေရတာ လူကြားလို့မှ ကောင်းကြသေးရဲ့လား.....  "

"စက်မဟာတည် .... ငါတို့ မင်းကို ရှင်းရှင်းပဲ ပြောမယ်..... ငါတို့သားကို မင်း လီစယ်လုပ်ကြံပြီး ဖွင့်ထားတဲ့ အမှုတွေအားလုံးကို ပြန်ရုတ်သိမ်းပေး......အဲ့ဒီအတွက် ငါတို့ ဘက်က မင်းလိုချင်တာ မှန်သမျှ အကုန်ပေးမယ်...."

♥️ Extraordinary Marriage ♥️Where stories live. Discover now