♥️ အပိုင်း 45 ♥️

10.6K 576 8
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 45 ♥️

"အဟွန်း .... အာထရာဆောင်းအဖြေကတော့ သားရော သမီးရော လိုချင်နေတဲ့ မီးမီးလေးပါရှင်....အဲ့တာကြောင့် အခု နှစ်ယောက်လုံး တစ်၀ကြီး ပျော်လို့ရပြီနော် .... "

အာထရာဆောင်းရဲ့အဖြေက သူမတို့ လိုချင်သည့် သမီးလေးဖြစ်နေတာမို့ စက်ရော သူမရော ပြောမပြတတ်အောင် ပျော်သွားကြသည်။

"သားနဲ့ သမီးအတွက် ဆရာမကြီး တကယ်ကို ၀မ်းသာပါတယ်ကွယ်.... ဘေဘီလေးက မိန်းကလေးဆိုတော့ ဘေဘီလေးရဲ့ ကိုကိုတွေလဲ ​ပျော်နေတော့မှာပေါ့....."

"ဟုတ် ဆရာမကြီး .... သားလေးတွေလဲ သူတို့အငယ်လေးက ညီမလေးဖြစ်နေတာကို သိရင် အရမ်းပျော်ကြမှာရယ်.... တကယ် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ....."

"ဆရာမကြီးကို ကျေးဇူးတင်စရာမလိုပါဘူး သားရယ်.... အခု လိုချင်နေတဲ့ သမီးမိန်းကလေးလဲ ရသွားပြီဆိုတော့ ရှေ့လျှောက် ရှောရှောရှူရှူမွေးဖွားနိုင်ဖို့အတွက်ကိုပဲ နှစ်ယောက်လုံး အာရုံစိုက်တော့နော်....ဒါနဲ့ ဒီတစ်လောမှာ လင်မယား၂ယောက် လမ်းရော သေချာလျှောက်ဖြစ်တယ်မလား....."

ဆရာမကြီးရဲ့ မေးခွန်းကြောင့် ရှင်မွေ့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ဇက်ကလေးပုသွားရသည်။

စက်ကတော့ သူ လိုချင်တဲ့ ခွင်ထဲကို ရောက်လာပြီဆိုပြီး အားကြိုးမာန်တက်ဖြင့် ....

"လမ်းကတော့ ကျွန်တော်နဲ့ ညနေတိုင်း လျှောက်ဖြစ်ပါတယ် ဆရာမကြီးရယ်.... ဒါပေမဲ့ တစ်ခါလျှောက်ရင် ၁၀မိနစ်တောင် မကြာတာက ခက်နေတာ .... သူက ၅မိနစ်ကျော်လာတာနဲ့ ညောင်းတယ် ဆက်မလျှောက်နိုင်တော့ဘူးဆိုပြီး လုပ်ရောလေ....."

"စက်နော်... မနေ့က လျှောက်တာတော့ ၁၀မိနစ်ရှိပါတယ်....ဆရာမကြီးကို ဘာတွေလျှောက်ပြောနေတာလဲ.... ဆရာမကြီး သူပြောတာကို မ​ယုံပါနဲ့နော် ...."

မကြာခင်မှာ ကလေး ၄ယောက်အမေဖြစ်လာတော့မှာဆိုပေမယ့် အခုချိန်ထိ ကလေးဆန်ချင်နေသေးသည့် မေမေလှလှလေးကို ကြည့်ပြီး OG ဒေါ်ညိုညိုအောင် တစ်ယောက် ခပ်သဲ့သဲ့ပြုံးလိုက်မိသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now