♥️ အပိုင်း 57 ♥️

7.5K 407 15
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 57 ♥️

"ပါ ပါ ပါ ပါ ပါ ..... ဒါ ဒါ ဒါ ဒါ ဒါ .... မာ မာ မာ မာ မာ "

ရက် 100 သမီးလေးကနေ ရက် 300 ကို မြန်မြန်ဆန်ဆန်ပဲ ပြည့်သွားခဲ့တဲ့ ယွန်းစက်မဟာလေးရဲ့ တေးသံသာလေးတွေကို အခုဆို စက်အိမ်တော်မှာ အချိန်တိုင်းနီးပါးကို ကြားနေရ၏။

အရင်က ခမ်းနားထည်၀ါခဲ့တဲ့ စက်အိမ်တော်ကြီးဟာလဲ အခုအချိန်မှာတော့ ပြောင်းလဲသွားခဲ့ရပြီဖြစ်သည်။

ပြောင်လက်တောက်ပနေတဲ့ ပါကေးတွေနေရာမှာ ချစ်စရာကောင်းလွန်းသည့် အရုပ်ပုံ ဖော့ချပ်လေးတွေကိုခင်းထားရသည်။ အိမ်ရှေ့ဧည့်ခန်းမှာထားသည့် ကျောက်သားစားပွဲကြီးကိုလဲ ဖယ်ပစ်လိုက်ရပြီး ထိုနေရာတွင် ယွန်းပေါက်စ ကစားဖို့အတွက် အကာအရံလုပ်ပေးထားရတဲ့ playpen လေးတစ်ခုက အစားထိုး၀င်ရောက်လာသည်။

Playpen

ထို Playpen လေးအတွင်းမှာတော့ ကစားစရာ အရုပ်မျိုးစုံနဲ့ ရုပ်ပုံစာအုပ်လေးတွေပါ အစီအရီ ရှိနေလေသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ထို Playpen လေးအတွင်းမှာတော့ ကစားစရာ အရုပ်မျိုးစုံနဲ့ ရုပ်ပုံစာအုပ်လေးတွေပါ အစီအရီ ရှိနေလေသည်။

"မာ မာ မာ မာ မာ....."

သူ့ကို Playpen လေးထဲမှာ ထည့်ထားတာကြာနေ၍ ထုတ်ပေးဖို့ မာမာဆိုပြီး အဆက်မပြတ်ခေါ်နေတဲ့ သမီးကြောင့် ရှင်မွေ့ ဖြည့်စွက်စာ ချက်နေရင်းနဲ့ ပြုံးလိုက်မိသည်။

"ကဲ မွှေးမွှေးရေ ..... သမီးကို playpen ထဲက ထုတ်ပြီး ခဏလောက် ကြည့်ထားပေးပါဦး..... ဒီမှာ အစ်မ ဖြည့်စွက်စာလေးချက်နေတာ ရတော့မယ်.....ပြီးရင် အစ်မလာခဲ့မယ်နော်......"

"ဟုတ် မမလေး....."

သူမ စကားကြောင့် မွှေးမွှေးက နောက်ဖေးမှာ ကူလုပ်နေရာမှ လက်လေးဆေးပြီး အိမ်ရှေ့ကို ထွက်သွားသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now