♥️ အပိုင်း 88 ♥️

8.3K 461 8
                                    

♥️ Extraordinary Marriage ♥️

[ထူးခြားသော လက်ထပ်ခြင်း ]

အပိုင်း 88

"ဒီကာတွန်းကားက Pixar နဲ့ Walt Disney နှစ်ခုပေါင်းပြီး လုပ်ထားတာ မမဖောင်းဖောင်းရဲ့.....အရမ်းကောင်းတယ်လို့သားသားသူငယ်ချင်းတွေက ပြောတယ်.....အဲ့တာ သားသားနဲ့ မမ အတူတူကြည့်ကြမယ်နော်......"

"အာ အဲ့ဒီကားလေး မမသိတယ် ခွန်းစက်ရဲ့ ..... ဟိုနေ့ကပဲ လိုင်းပေါ်မှာတွေ့လိုက်တာ..... အဲ့ထဲက မမလဲ ကြည့်ချင်နေတာ.....အခု အတော်ပဲ ဖြစ်သွားတာပေါ့......"

သူမစကားကြောင့် ခွန်းစက်လေးက မျက်၀န်းလေးတွေတောက်ပပြီး ပျော်သွားရှာသည်။

" မမ ဖောင်း ဖောင်း ရွန်းကို ရှီရှီ "

ယွန်းလေးကလဲ သူမအနား ရောက်လာကာ ချီဖို့ပြောလာတာကြောင့် ယွန်းကို ချိုင်းလေးကနေ ဖောင်းဖောင်း အသာပွေ့ချီလိုက်သည်။ ပြီးနောက် သူမပေါင်ပေါ်မှာ ထိုင်ခိုင်းလိုက်တော့ ယွန်းက ကျေနပ်သွားဟန်ဖြင့် သူမအား ခေါင်းလေးမော့ကာ ​ပြုံးပြလာလေသည်။ ထို့ကြောင့်ဖောင်းဖောင်းလဲ အသည်းယားစွာဖြင့် ယွန်းရဲ့ ပါးအိအိတုံတုံလေးကို ခပ်ဖွဖွ ငုံ့နမ်းလိုက်မိသည်။

"Woof .... Woof "

ကာတွန်းကား စလာတာနဲ့ Fluffy ကလဲ သူမတို့ထိုင်နေသည့် ဆိုဖာရဲ့ ခြေရင်းမှာ သက်တောင့်သက်သာ ၀င်လှဲကာ သူပါ ကာတွန်းကားကြည့်ဖို့ ပြင်လေသည်။

ကောင်းစက်ကတော့ အနောက်မှာ သူမယူလာတဲ့ ဖက်ထုပ်ဘူးတွေကို သွားလှယ်နေ၏။ မင်းစက်လေးကလဲ ကောင်းစက်နဲ့အတူ နောက်ဖေးကို လိုက်၀င်သွားသည်။

*

"ဖောင်းဖောင်းတို့အမေက တကယ်ဟင်းချက်တော်တာပဲ .....ဖက်ထုပ်ပေါင်းလေးတွေက မွှေးနေတာပဲ ..... သားတို့ စားကြတော့မလား......"

"ဟို မစားသေးဘူး ဖွားဖွားမြ ..... သားတို့ခဏနေမှ စားမယ်ရယ်......"

"အေးအေး အဲ့တာဆို သားတို့စားခါနီးမှ ဖွားဖွားမြ ထပ်နွှေးပေးမယ်နော်......"

"Eeeee ....ကိုကိုရေ သားကို ဒီခုံလေး ဆွဲပေးပါလား ..... သား မနိုင်လို့ ...."

♥️ Extraordinary Marriage ♥️Where stories live. Discover now