♥️ အပိုင်း 28 ♥️

13.2K 738 18
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 28 ♥️

"ဒယ်ဒီက လျှောက်ပြောနေတာ ..... အမှန်အတိုင်းပြောရရင် သားသားတို့က ၃ယောက်တောင်လေ ဒယ်ဒီက တစ်ယောက်ထဲ .... 528 ကို 3 ခါပေါင်းလိုက်ရင် 1500 ကို ကျော်သွားပြီလေ.... နေပါဦး 528 သုံးခါ ပေါင်းရင် ဘယ်လောက်ပါလိမ့် ...."

" 1584 လေ မာမီ "

သားကြီးကောင်းစက်က ချက်ချင်းဆိုသလို ဖြေလာတာမို့ ရှင်မွေ့ အထင်ကြီးသည့် အကြည့်တွေဖြင့် သူမရဲ့ သားကြီးအား ကြည့်လိုက်မိသည်။

"Wow .... ကောင်းစက်က တွက်တာမြန်လိုက်တာ.... မာမီ့သားက သင်္ချာဥာဏ်ပြေးသားပဲ....ကဲ ကိုကို ပြောသလိုပဲ သားသားတို့ကို ချစ်တာက 1584 တောင် ရှိတယ်လေ .... အဲ့ဒီ 1584 ဆိုတဲ့ ချစ်ခြင်းမေတ္တာနဲ့ မာမီက သားသားတို့ တစ်ယောက်ချင်းစီကို ချစ်တာ.....အဲ့လိုဆို သားသားတို့က ဒယ်ဒီထက်တောင် ပိုများသွားပြီလေ....."

သူမစကားကြောင့် စက်က မျက်လုံး၀င့်ကာ ကြည့်လာလျှင် ရှင်မွေ့ ဘာဖြစ်လဲဆိုသည့် အကြည့်လေးဖြင့် ပြန်ကြည့်ပေးလိုက်သည်။

"ဒါဆို ညီမလေးသာ ရောက်လာရင် 528 ထပ်ပေါင်းပြီး သားတို့က 2000 တောင် ကျော်သွားမှာပေါ့နော်..... ဟုတ်တယ်မလား မာမီ...."

"၀ါး.... အဲ့တာဆို အရမ်းမိုက်သွားပြီနော် ကိုကို 2 .... ဒယ်ဒီထက် သားသားတို့က အများကြီး ပိုများသွားပြီနော် ...."

"အဲ့တာပြောတာပေါ့ ခွန်းစက်ရဲ့ ....."

"မာမီ .... သားသားတို့ကို ညီမလေး ဘယ်တော့မွေးပေးမှာလဲဟင် ...."

"အမှန်အတိုင်းပြောရရင် သားလဲ ညီလေးတွေလိုပဲ ညီမလေးတစ်ယောက်လောက်တော့ လိုချင်မိတယ်.... နူးနူးညံ့ညံ့နဲ့ ယုန်ကလေးလိုမျိုး ချစ်ဖို့ကောင်းတဲ့ ညီမလေးမျိုးလေ....."

ညီမလေး ရောဂါက အငယ်လေး ၂ယောက်ကိုသာမက ကောင်းစက်ဆီကိုပါ ပျံ့နှံ့လာတာကြောင့် ရှင်မွေ့  စက်ကို အားကိုးတကြီးနဲ့ လှမ်းကြည့်မိလျှင် စက်က သူ့သားတွေရဲ့ စကားကိုကြားပြီး ခေါင်းငုံ့ကာ ကျိတ်ရယ်နေတာကြောင့် ရှင်မွေ့ ပြောစရာစကားတွေ ပျောက်ရှသွားရသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now