♥️ အပိုင်း 71 ♥️

7.1K 451 8
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 71 ♥️

"မာမာလို့ ပြောကြည့်ပါဦး သမီး...မာမာ "

ရှင်မွေ့ သမီးကို ပါးစပ်လေးလှုပ်ပြီး မာမာ ဟုပြောခိုင်းတော့ သမီးက ရွှန်းတောက်နေတဲ့ မျက်၀န်းလေးတွေဖြင့် သူမအား ပြုံးကြည့်လာလေသည်။

"မာမာ..."

"ဟုတ်တယ်..... မာမီ့သမီးလေးက တော်လိုက်တာ..... ဒါဆို နောက်တစ်ခု ပြောကြည့်ပါဦး.... ဒါဒါ ...."

"ဒါဒါ ....."

"အဟွန်း.... မာမီ့အသည်းတုံးလေးကတော်လိုက်တာ....."

"မာမာ...ဒါဒါ "

ရှင်မွေ့  သမီးရဲ့ ပါးလုံးလုံးလေးတွေကို ငုံ့ပြီး နမ်းတော့ သမီးရဲ့ ပါးလေးတွေက အနည်းငယ် အေးနေလေသည်။

ဆောင်းတွင်းမနက်အစောပိုင်းကို သူမတို့ တစ်မိသားစုလုံး ကန်ဘောင်မှာ လေ့ကျင့်ခန်း လာလုပ်နေကြခြင်းဖြစ်သည်။

စက်နဲ့ သားလေးတွေ ပြေးနေကြချိန်တွင် သူမနဲ့ သမီးကတော့ ဟိုလျှောက်ဒီလျှောက်ပဲ လုပ်ဖြစ်သည်။

တစ်နှစ်ကျော်သွားပြီဖြစ်တဲ့ သမီးကလဲ အခုဆို တော်တော်လေးကို စကားတွေများတတ်နေပြီဖြစ်၏။ ပြီးတော့ လမ်းလေး အခုမှ လျှောက်တတ်ခါစကို လူကြီးကိုင်ရင် မကြိုက်ချင်တော့ .... ကိုင်မယ်လုပ်တိုင်း သူ့လက်လေးကို အဆွဲမခံဘဲ ရုန်းဖယ်တတ်သည်။

"သမီးအေးနေပြီ မဟုတ်လား .... လာ မာမီ ချီထားပေးမယ်နော်....."

ကန်ဘောင်မှာ လေအရမ်းတိုက်တာမို့ သမီးမျက်နှာလေးက အေးစက်နေလေသည်။

"ရွန့် ရွန့်....."

တစ်နှစ်ပြည့်ပြီးတဲ့နောက် သမီးက ဒါဒါ၊ မာမာ အပြင် သူလေးကို ယွန်းဟု ၀ိုင်းခေါ်ကြတာကြောင့် "ရွန့်" ဆိုပြီးလဲ ပြောတတ်သေး၏။

အေးနေပြီမို့ နွေးသွားအောင်လို့ ရှင်မွေ့ ချီမယ်လုပ်တော့ သမီးက အချီမခံဘဲ  ခေါင်းခါပြလေသည်။

"ရွန့် ဒါ ဒါ ဒါ ဒါး ...."

လက်ဖ၀ါးလေး ၂ ဖက် ဖြန့်ပြကာ သူ လမ်းလျှောက်ဦးမည်ဟု ဆိုလာပြီး ယိုင်တိယိုင်တိုင်နဲ့ သမီးက လမ်းလျှောက်ပြန်သည်။ ရှင်မွေ့မှာသာ တခြားပြေးနေကြတဲ့ သူတွေ သမီးကို တိုက်မိသွားမှာဆိုး၍ စိတ်မချစွာဖြင့် နောက်ကနေ လိုက်ထိန်းရသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now