♥️ အပိုင်း 90 ♥️

7.6K 488 17
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 90 ♥️

အငယ်လေး ၂ယောက် ဖြစ်တဲ့ မင်းစက် နဲ့ ခွန်းစက်တို့က အိမ်မှာ မုန်လာဥဆို လုံး၀မကြိုက်၊ လုံး၀မစားကြပေ။

ချိုတယ်၊ အရသာရှိတယ်ဆိုပြီးပြောလဲ ဘယ်လိုမှ မရချေ။

ထိုအခါ အစ်ကို ၂ယောက် မကြိုက်တာနဲ့ပဲ ယွန်းပိကျိကပါ မုန်လာဥကို မမြင်ရသေးခင်ထဲက နိုး နိုး နိုး လုပ်လေသည်။

ရှင်မွေ့ကတော့ မုန်လာဥဆို အရမ်းကြိုက်သည်။ အရသာချိုချိုလေးနဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေလဲ ကြွယ်၀တော့ ကျန်းမာရေးအတွက် အတော်လေးကို ကောင်းမွန်သည်။

ဒီလိုကောင်းကျိုးအဖြာဖြာနဲ့ မုန်လာဥကို သူမကလေးတွေ ဘာလို့ အဲ့လောက်ထိ ငြင်းဆန်နေရလဲဆိုတာ ရှင်မွေ့ တကယ်ပဲ နားမလည်နိုင်။

သူမကလေးတွေကို အစားဂျီးများတတ်တဲ့ သူလေးတွေ မဖြစ်စေချင်တာကြောင့် မုန်လာဥနဲ့ လုပ်ရတဲ့ အော်ကွေ့​ကြည်မုန့်လေး လုပ်ကျွေးကြည့်ရန် ရှင်မွေ့ တွေးလိုက်သည်။

ဘာနဲ့လုပ်တယ်ဆိုတာကို အရင်မပြောဘဲ အော်ကွေ့ကြည်ဟုသာ ပြောပြီး ကျွေးရမည်။  သူတို့လေးတွေကြိုက်ပြီဆိုတော့မှသာ မုန်လာဥနဲ့ လုပ်ထားတာဆိုတဲ့ အကြောင်းကို ပြောပြရမည်။

အရင်ဆုံး ဆေးကြောထားတဲ့ မုန်လာဥတွေကို ရှင်မွေ့ အနေတော်အရွယ်လေးတွေ လှီးပြီး အိုးထဲရေထည့်ကာ ပြုတ်ထားလိုက်သည်။

ရပြီဆိုလျှင် blender ထဲကို ပြုတ်ထားတဲ့ မုန်လာဥတွေကိုထည့်ပြီး ဆန်မှုန့်၊ ကော်မှုန့်၊ ဆား၊ သကြားနဲ့ ပုစွန်ခြောက်မှုန့်တို့ကိုပါ အချိုးကျထပ်ထည့်ကာ အလွယ်တကူ ရောကြိတ်လိုက်သည်။

ပြီးလျှင် ဗန်းတစ်ဗန်းကို ဆီသုတ်ကာ ခုဏကြိတ်ထားတဲ့ မုန့်နှစ်တွေကို လောင်းချပြီး 45 မိနစ်လောက် ပေါင်းထားလိုက်သည်။

ထိုအချိန်မှာပဲ အိမ်ရှေ့မှာ ကားရပ်သံကို ကြားလိုက်ရသည်။

စက်များ ပြန်လာတာလားဟု တွေးကာ ရှင်မွေ့ အံ့သြနေတုန်းမှာပဲ "ရှင်မွေ့ရေ " ဆိုသည့် စက်ရဲ့ ခေါ်သံကို ကြားလိုက်ရသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now