♥️ အပိုင်း 85 ♥️

7.5K 503 10
                                    

♥️ Extraordinary Marriage ♥️

[ထူးခြားသော လက်ထပ်ခြင်း]

အပိုင်း 85

ရှင်မွေ့ အိပ်ရာမှ နိုးနိုးချင်းမှာပဲ သူမကို ဖက်ပြီး အိပ်ပျော်လျက်ရှိနေသေးသည့် စက်ကို မြင်လိုက်ရတာကြောင့် ပန်းသွေးရောင်နှုတ်ခမ်းလေးက ပြုံးယောင်သမ်းသွားရသည်။

အသက်တွေ တစ်နှစ်ပြီးတစ်နှစ်ကြီးလာတာတောင် သူမရဲ့ ဒီခင်ပွန်းကတော့ ဒီကမ္ဘာကို သူမစရောက်လာခဲ့တဲ့ အချိန်တုန်းကလိုပဲ ပြောင်းလဲသွားခြင်းမရှိဘဲ ချောမောခန့်ညားနေတုန်းပင်။

အခုဆို သူမတို့ရဲ့ ရတနာတုံးလေးတွေဖြစ်သည့် သားကြီးက 15 နှစ်၊ အလတ်လေး မင်းစက်က 11 နှစ်၊ အငယ်လေး ခွန်းစက်က 7 နှစ် နဲ့ ပေါက်စလေး ယွန်းစက်က 2 နှစ် အသီးသီး ရှိနေကြပြီဖြစ်၏။

သားကြီးကတော့ အရင်ကထက် လူကြီးဆန်လာပြီး မိသားစုအတွက်လဲ ပိုပြီးအားကိုးရလာသည်။ သူမရဲ့ Blessing Drama မှာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ပါ၀င်သရုပ်ဆောင်ခဲ့တုန်းက Drama ရဲ့ ၀က်၀က်ကွဲအောင်မြင်မှုတွေနဲ့အတူ သားကြီးက ဆယ်ကျော်သက်အရွယ်လေးတွေနဲ့ 20 ကျော်ကောင်မလေးတွေရဲ့ နှုတ်ဖျားမှာ တော်တော်လေးကို ရေပန်းစားခဲ့သည်။ ဗီလိန်ရဲ့ ငယ်ဘ၀ ကာရိုက်တာက သားနဲ့ တစ်ထပ်ထဲ ကျခဲ့တယ်လို့တောင် ပြောလို့ရမည်။ ကျောင်းမှာလဲ သားက တော်တော်လေးကို နာမည်ကြီးသွားခဲ့သည်။

ဒါပေမဲ့ သားက သူ့ရဲ့ တစ်ခုထဲသော အင်တာဗျူးတွင် Blessing မှာ ပါ၀င်ဖြစ်ခဲ့တာက အမေဖြစ်တဲ့ သူမကို ကူညီဖို့ သက်သက်သာဖြစ်ပြီး နောက်ထပ် ဘယ်ရုပ်ရှင်ကိုမှ ထပ်ရိုက်တော့မှာ မဟုတ်ပါဘူးဟု ၀န်ခံလာသည့် အချိန်မှာတော့ သားရဲ့ ပူပူနွေးနွေး ပရိတ်သက်လေးတွေအကုန်လုံးမှာ ရှိုက်ကြီးတငင် ၀မ်းနည်းကြတော့သည်။

ထိုပရိတ်သက်ကောင်မလေးတစ်စုက အတော်လေး ဇွဲကောင်းခဲ့သည်လို့တော့ ပြောရမည်။ အချိန်တစ်ခုကြာတဲ့အထိ ကုမ္ပဏီရဲ့ page အောက်မှာရော၊ သူမ social media accounts တွေရဲ့  comment box မှာပါ ကောင်းစက်မဟာကို ရုပ်ရှင်ထပ်ရိုက်ခိုင်းပေးပါ ယောက္ခမကြီးရေ ၀ူး ၀ူး ၀ူး ဆိုပြီး ငိုသံတွေအပြည့်နဲ့ တောင်းဆိုခဲ့ကြသည်။

♥️ Extraordinary Marriage ♥️حيث تعيش القصص. اكتشف الآن