♥️ အပိုင်း 75 ♥️

7.9K 506 9
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 75 ♥️

စက်က သူကျန်ခဲ့တဲ့ USB Flash Drive လေးကို စာကြည့်ခန်းထဲမှာ သွားပြန်ယူလို့အပြီးမှာတော့ သမီးကို ချီကာ သူမရှိရာဆီကို ပြန်လာလေသည်။

"ကဲ ယွန်း ဒယ်ဒီက ကုမ္ပဏီကို ပြန်သွားတော့မှာဆိုတော့ မာမီ့ဆီ လာတော့နော်......"

"အား၀ူး "

ရှင်မွေ့ ပြန်ခေါ်တော့ သမီးက စက်ရဲ့ ပခုံးပေါ် ခေါင်းလေးတင်ပြီး သူမအား ကျောပေးထားကာ အား၀ူး ဟု ပြန်ပြောလာလေသည်။

"ဟယ် အား၀ူးလို့ မရဘူးလေ ယွန်းရဲ့  ဒယ်ဒီက ကုမ္ပဏီကို ပြန်သွားရမှာလေ ...... သမီး ဒယ်ဒီနဲ့ လိုက်လို့ မရဘူးလေ......"

သူမ ဘယ်လိုပဲပြောပြော သမီးကတော့ သူ့အဖေကိုယ်ပေါ်မှာ ကိုအာလာလေးလို တွယ်ကပ်နေပြီး လက်သေးသေးလေးတွေနဲ့ စက်ရဲ့ ကုတ်အင်္ကျီကိုလဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။

"အသည်းတုံးလေး .... ဒယ်ဒီက ကုမ္ပဏီပြန်သွားရမှာလေ သမီးရဲ့ ......"

"ရွန့် မွမ် မွမ် မွမ် မွမ်း ....."

"ဟင်..... သမီးက ဒယ်ဒီနဲ့ လိုက်ခဲ့ချင်လို့လား ...."

"ဒါဒါ ဒါဒါ ဒါဒါ ....."

"လိုက်သွားလို့ မဖြစ်ဘူးလေ ယွန်းရဲ့ .... ဒယ်ဒီက အလုပ်လုပ်ရမယ့်ဟာကို သမီးလိုက်နှောင့်ယှက်လို့ မရဘူးလေ .... လာ မာမီ့ဆီကို ပြန်လာခဲ့ ...... မာမီ့အသည်းတုံးလေးက လိမ္မာတယ်နော်......"

ရှင်မွေ့ ပြောပြောဆိုဆိုဖြင့် သမီးကို စက်ရဲ့ လက်ထဲကနေ လွှဲပြောင်းချီယူလိုက်တော့ သမီးက ခေါင်းလောင်းမြိုချထားသလို အသံလေးနဲ့ ကြွက်ကြွက်ညံအောင်ငိုပါလေတော့သည်။

မျက်နှာချိုသလို အခုလို ဂျီလိုက်တိုက်တတ်သည့်ယွန်းပေါက်စပင်။

ဧည့်သည်အဖြစ်ရောက်လာတဲ့ Melo လေးမှာ နဂိုထဲက စက်ကို ကြောက်နေပါတယ်ဆိုမှ အခုလို သမီးက ငိုတော့ နေရခက်နေဟန်ရှိသည်။

ရှင်မွေ့ကြည့်ရတာ Melo ဆိုတဲ့ ကလေးမလေးကို အားနာနေပုံမို့ သမီးကို သူပဲ ကုမ္ပဏီဆီခေါ်သွားရန် စက် ဆုံးဖြတ်လိုက်သည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now