♥️ အပိုင်း 99 ♥️

8.8K 469 18
                                    

Extraordinary Marriage

[ထူးခြားသောလက်ထပ်ခြင်း ]

♥️ အပိုင်း 99 ♥️

"ဒယ်ဒယ်..... ဒယ်ဒယ်....."

"ဗျာ......"

" ကြယ်ရေးသွေက ဘယ်သော့ရမှာရဲဟင် ဒယ်ဒယ်  ......"

"ကြယ်လေးတွေက ခဏနေရင် လာမှာ သမီးရဲ့ ....."

"ခု ရာသေး၀ူးရား......"

"အွန်း အခုမလာသေးဘူး....."

"ရွန်းက ညနေထဲက စောင့်နေသာကို..... ကြယ်ရေးသွေက ရမ်းကြာသာပဲ ဒယ်ဒယ်ရယ်......."

ဒီနေ့ကောင်းကင်ကနေ ကြယ်မိုးရွာမယ်ဟု ကြေညာထားတာကြောင့် သူတို့တစ်မိသားစုလုံး လသာဆောင်ကနေ ကြယ်ကြွေမှာကို ထိုင်စောင့်နေကြခြင်းဖြစ်သည်။

"ကြယ်ရေးရယ် ရာပါသော့ ..... ရွန်း မျှော်ရပေါ့ ......"

ကြယ်လေးလာပါဆိုပြီး ကောင်းကင်ကြီးဆီကနေ လက်ဖြန့်ကာတောင်းနေတဲ့ သမီးလေးက အရမ်းကို ချစ်ဖို့ကောင်းလွန်းတာကြောင့် စက် အသည်းယားသွားရသည်။

သမီးက ကြယ်တွေကို မျှော်နေသလို သားလေးတွေကလဲ Astronomical Telescope လို့ခေါ်တဲ့ နက္ခတ်တာရာကြည့်မှန်ပြောင်းတစ်လက်နဲ့ အလုပ်ရှုပ်နေကြသည်။

"ကိုကို ကြယ်တွေကို မြင်ရပြီလား.... သားလဲ ကြည့်ချင်တယ်......"

"သားသားရောပဲ ကြည့်ချင်တယ် ကိုကို 1 ..... သားသားကိုလဲ ပြပါ ....."

"ကြယ်တွေက မကြွေသေးဘူး မင်းစက်နဲ့ ခွန်းစက်ရဲ့ ..... ခုဏကအတိုင်းပဲ ရှိနေသေးတာ.....ကြည့်ချင်ရင် တစ်ယောက်တစ်လှည့်စီ ကြည့်ကြ ဟုတ်ပြီလား....."

"ဟင် ဟိုမှာ မမဖောင်းဖောင်း ထွက်ရာပီ ကိုကိုတို့ .... မမဖောင်းဖောင်းရေ!!! ရွန်းခေါ်သာကို ကြားရားဟင်......"

သမီးလေးက တစ်ဖက်အိမ်မှ ဖောင်းဖောင်းတို့ မိသားစုလေး ကြယ်ကြည့်ဖို့ ထွက်လာတာကို မြင်ပြီး လှမ်းအော်ခေါ်တော့သည်။

"ယွန်းလေးရေ!!! "

မျက်နှာချင်းဆိုင်အိမ်မှ ဖောင်းဖောင်းကလဲ သမီးလေးကို ပြန်ပြီး လက်ဝှေ့ယမ်းပြလာသည်။

ညီမလေးကို လက်လှမ်းပြနေတဲ့ ဖောင်းဖောင်းကို ကြည့်ပြီး ကောင်းစက်မျက်၀န်းတွေ မှေးစင်းကာ တစ်ချက် ပြုံးမိသွားရသည်။

♥️ Extraordinary Marriage ♥️Opowieści tętniące życiem. Odkryj je teraz