♥️ အပိုင်း 62 ♥️

7.1K 465 9
                                    

Extraordinary Marriage

[ထူး​ခြားသောလက်ထပ်ခြင်း ]

♥️ အပိုင်း 62 ♥️

"ရှင်မွေ့ မအိပ်သေးဘူးလား......"

"စက် အရင်အိပ်နှင့်နော်...... ရှင်မွေ့ စာမရေးတာကြာတော့ နည်းနည်းလေးထပ်ရေးလိုက်ဦးမယ်......"

ရှင်မွေ့က Laptop ဆီမှ အကြည့်ကို မခွာဘဲ ပြောလာလျှင် စက် ကူကယ်ရာမဲ့သလို ခံစားသွားရသည်။

ရှင်မွေ့ ၀ါသနာပါတဲ့ အလုပ်မို့ မလုပ်ပါနဲ့လို့လဲ မတားရက်.... ဒါပေမဲ့လဲ ဒီညဦးပိုင်းလေးပဲ နှစ်ယောက် အတူတူရှိခွင့်ရတာမို့ ရှင်မွေ့က အခုလို စာရေးနေတော့ သူ့ကို တစ်ယောက်ထဲ ပစ်ထားတယ်လို့ ခံစားမိကာ စက် မပျော်ရွှင်တော့ပေ။

သမီးကို ကြည့်လိုက်တော့ သမီးကလဲ သူမလေးရဲ့အိပ်ရာသေးသေးလေးမှာ သူ့ကိုကျောပေးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။

ဒီနေ့ကျမှ သမီးကလဲ အစောကြီး အိပ်သွားသည်။ သားအမိ ၂ယောက်လုံးကို သူ့ကို ကောင်းကောင်းကြီး လျစ်လျူရှုထားကြတာပဲဟု စက်တွေးလိုက်မိသည်။

"ဟင် .... စက် မအိပ်သေးဘူးလား....."

"ကျန်းမာသန်စွမ်းနေသေးတဲ့ စုံတွဲတစ်တွဲမှာ ယောကျာ်းလုပ်သူက မိန်းမထက် အရင် တစ်ယောက်ထဲ အိပ်လိုက်ဖို့ဆိုတာ အဓိပ္ပါယ်မှမရှိတာ ရှင်မွေ့ကလဲ ....."

အိပ်ရာပေါ်မှာ မအီမလည် ဖြစ်နေသည့် မျက်နှာနဲ့ ထိုင်နေတဲ့ သူမရဲ့ ကလေးဆိုးကြီးကို ကြည့်ပြီး ရှင်မွေ့ သဘောကျစွာရယ်လိုက်မိသည်။

"ကိုယ်တို့တွေ အိပ်ရာပေါ်ကလေ့ကျင့်ခန်းကို မလုပ်ဖြစ်ကြဘူးဆိုရင်တောင် ကိုယ်က ရှင်မွေ့ ကိုယ်လေးကို ရင်ခွင်ထဲထည့်ပြီး အိပ်ချင်တာ....."

လက်စသတ်တော့ စက်က တစ်ယောက်ထဲ မအိပ်ချင်လို့ ဂျီကျနေတာပဲ .....

"အဲ့တာဆိုလဲ ခဏစောင့်ဦး......ရှင်မွေ့ ဒီတစ်ခန်းလေး ပြီးအောင်ရေးလိုက်ဦးမယ်...... အဲ့ထက်ပိုပြီးတော့ ဂျီထပ်မကျနဲ့တော့နော်....မဟုတ်ရင် စာကို ညလုံးပေါက် ထိုင်ရေးပစ်လိုက်မှာ ......"

♥️ Extraordinary Marriage ♥️Tempat cerita menjadi hidup. Temukan sekarang