♥️ အပိုင်း 59 ♥️

7.1K 456 11
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 59 ♥️

စက် အခန်းထဲကိုရောက်တော့ ရှင်မွေ့က သမီးအား နို့တိုက်နေရင်းနဲ့ သူ့အား မျက်မှောင်လေးကျုံ့ကာ လှမ်းကြည့်လေသည်။

"ဘာ.... ဘာလို့လဲ ရှင်မွေ့ ....."

"စက် ခုဏက သားကို ဘာတွေပြောနေတာလဲ..... မဟုတ်မှ ဆူနေတာလား....."

"မဆူပါဘူး ရှင်မွေ့ရဲ့ ....."

"ဆူလို့လဲ မရပါဘူးနော်..... သား အခုပြိုင်ရမယ့် ပြိုင်ပွဲက နိုင်ငံပေါင်း 14 နိုင်ငံက ရွှေတံဆိပ်ဆုရှင်တွေချည်း ပြိုင်မယ့် ပြိုင်ပွဲမျိုး ..... တကယ့်ရွှေတွေထဲကမှ အဖိုးတန်ဆုံး ရွှေကို ရွေးမယ့် ပွဲမျိုးပဲ .... အခုချိန်မှာ သားကို ဘယ်နည်းနဲ့မှ စိတ်အနှောင့်အယှက် သွားပေးလို့ မဖြစ်ဘူး ....."

"ကိုယ်ကလဲ သားကို မေးစရာလေးတစ်ခုရှိလို့ ဒီအတိုင်း ဟုတ်လား မဟုတ်လားဆိုတာလေးပဲ မေးတာပါ ရှင်မွေ့ရဲ့ ..... သားကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ပါဘူး ......"

"ဘာမေးစရာလဲ ..... စက်နဲ့သားပဲ သိရမယ့် ကိစ္စမျိုးလား......"

"ဟဲ......"

ရှင်မွေ့ ထိုသို့မေးလိုက်တော့ သမီးက နို့လေးစို့နေရာကနေ "ဟဲ...." ဆိုတဲ့ အသံလေးနဲ့ ခေါင်းလေးလှည့်ကာ ကြည့်လာလေသည်။

စက် ပြုံးလိုက်မိပြီး သမီးရဲ့ လက်ကိုင်ပု၀ါအသေးလေးနဲ့ ပါးစပ်လေးတစ်၀ိုက်ကို ညင်ညင်သာသာလေး ပွတ်သုတ်ပေးလိုက်သည်။

"သမီး မရသေးဘူး..... ဆက်စို့ဦး.... သမီး အခုမှ စစို့တာ.....ဒယ်ဒီကို စကားလှည့်ပြောဖို့ မကြံနဲ့ဦး....."

ရှင်မွေ့က သမီးခေါင်းလေးကို ဒီဘက်ပြန်လှည့်စေပြီး နို့ဆက်စို့ခိုင်းတော့ သမီးမှာ စို့ရပြန်သည်။

"စက် ခုဏက ရှင်မွေ့ မေးတာကို ဖြေဦးလေ ....."

ရှင်မွေ့ သမီးရဲ့ ဖင်လုံးလေးကို အသာပုတ်ပေးပြီး စက်ကို သိချင်စိတ်ဖြင့် မေးလိုက်တော့ စက်က သူမအား ပြုံးကြည့်လာသည်။

"ဒီလိုပါ ရှင်မွေ့ရဲ့ ..... ဒီနေ့ သားတို့အတန်းထဲက ကလေးတစ်ယောက်ရဲ့ အဖေက ကိုယ့်ဆီဖုန်းဆက်လာတယ်လေ..... သားက သူ့သမီးလေးကို ငိုအောင်လုပ်လိုက်လို့တဲ့ ......"

♥️ Extraordinary Marriage ♥️Where stories live. Discover now