♥️ အပိုင်း 68 ♥️

7K 533 27
                                    

Extraordinary Marriage

[ ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 68 ♥️

"မဟုတ်ဘူး..... အဲ့တာတွေအားလုံးက အလိမ်အညာတွေချည်းပဲ ...... စီအီးအိုစက် ဘာလို့ အခုလိုမျိုး မဟုတ်တမ်းတရားတွေ ပြောနေရတာလဲ ...... ကျွန်တော်က ဘာအတွက်နဲ့ စီအီးအိုစက်ကို အခုလိုမျိုး တိုက်ခိုက်ရမှာလဲ ......"

"ဘာအတွက်​နဲ့ တိုက်ခိုက်ရမှာလဲဆိုတာတော့ ခင်ဗျားကိုယ်ခင်ဗျား အသိဆုံးပဲ မဟုတ်လား...... ဒီမှာ ဦးအောင်ထွဋ်.... ကျွန်တော်က ခင်ဗျားလုပ်ခဲ့သလိုမျိုး ဘာသက်သေမှ မရှိဘဲ ခင်ဗျားကိုစွပ်စွဲနေတာမဟုတ်ဘူးနော်.....  အားလုံးအရှေ့မှာ ခင်ဗျားတို့ လုပ်ခဲ့တဲ့ ကိစ္စတွေကို တစ်ခုချင်းစီ ချပြပြီး အခိုင်အမာပြောနေတာ......."

"မဟုတ်ဘူး!!! မဟုတ်ဘူး!!! အဲ့တာတွေအကုန်လုံးက အလိမ်အညာတွေချည်းပဲ ..... မင်း ငါ့ကို ချောက်ချချင်လို့ တမင်သပ်သပ် လုပ်ကြံဖန်တီးထားတာ......"

"ခင်ဗျားကမှ ကျွန်တော့်ကို ချောက်ချချင်လို့ တမင်သပ်သပ်လုပ်ကြံဖန်တီးခဲ့တာမဟုတ်လား....... ဇာတ်ညွှန်းရွေးပွဲမှာ မမျှမတလုပ်ခဲ့တဲ့ ဖြစ်ရပ်ကို ဖုံးကွယ်ချင်တာနဲ့
ခင်ဗျားတို့ ဆရာတပည့် ၂ယောက်ပေါင်းပြီး Camellia ဆိုတဲ့ scriptwriter က ကျွန်တော့်ရဲ့ ဇနီးမှန်း သိသိကြီးနဲ့ လုပ်ကြံဇာတ်တွေ ဖန်တီးခဲ့တာလေ......

သူခိုးလူပြန်ဟစ်သလိုမျိုး အမှန်တရားကို ကပြောင်းကပြန်လုပ်ပြီး ရုံးတွင်းသုံး App ထဲမှာ ကျွန်တော်က အဲ့ဒီကလေးအမေ Camellia နဲ့ ဖောက်ပြန်နေတာမို့ ဇာတ်ညွှန်းရွေးပွဲမှာ အပြစ်မရှိတဲ့ ဒိုင်တွေနဲ့ Florina ကို ပြဿနာရှာခဲ့တယ်ဆိုပြီး ခင်ဗျားတို့ စွပ်စွဲခဲ့ကြတာလေ......

ကျွန်တော့်ဘက်က ပြဿနာကို မဖြေရှင်းဘူးဆိုရင် အိမ်ထောင်ရေးဖောက်ပြန်တယ်ဆိုတဲ့ နာမည်ပျက်ကိုရသွားပြီး ​အကယ်၍ ဖြေရှင်းခဲ့တယ်ဆိုရင်လဲ နောက်ဆုံးမှာ ကျွန်တော့်မိန်းမက အကောင်းဆုံး project ကို မရသွားလို့ အပြစ်မရှိတဲ့သူတွေကို  ပြဿနာရှာပြီး အနိုင်ကျင့်တယ်ဆိုတဲ့ ဇာတ်လမ်းမျိုး ဖြစ်အောင် ခင်ဗျားတို့ ဖန်တီးခဲ့ကြတာမဟုတ်လား......"

♥️ Extraordinary Marriage ♥️Where stories live. Discover now