♥️ အပိုင်း 15 ♥️

17.9K 823 71
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 15 ♥️

"သားသား ဒါလေးလိုချင်တယ် မာမီ....."

အ၀ါရောင် အရုပ်ကားဘူးလေး ကိုင်ပြီး သူမအနားရောက်လာတဲ့ ခွန်းစက်လေးကို ရှင်မွေ့ သေချာကြည့်လိုက်မိသည်။

"အဲ့ဒီကားလေးက အိမ်မှာရှိတယ်မဟုတ်လား သားသားရဲ့ ....."

"ဟင်..... မာမီကလဲ သားသားက ထပ်လိုချင်လို့ .......အိမ်မှာရှိတာနဲ့ ဒီဟာက အရောင်မတူဘူးလေ......"

"မ၀ယ်ပေးနဲ့ မာမီ ..... ပြီးရင် ခွန်းစက်က အဲ့လို ကားလေးတွေကို ဆော့တာ မဟုတ်ဘူး .... သားကိုပဲ ဒီစတစ်ကာလေးတွေပါတဲ့ Marvel အရောင်ခြယ်စာအုပ်လေး ၀ယ်ပေးနော်....."

"Marvel အရောင်ခြယ်စာအုပ်က အရမ်းစျေးကြီးတယ် မာမီ..... ကိုကို2 ကိုလဲ မ၀ယ်ပေးနဲ့ ......"

"ငါ့အရောင်ခြယ်စာအုပ်လေးက အိမ်မှာမရှိလို့ မာမီ့ကို ၀ယ်ခိုင်းတာလေ..... မင်းရဲ့ ကားက အိမ်မှာရှိတယ်လေ......"

"အိမ်မှာရှိတာနဲ့ အခု သားသားလိုချင်တာလေးက အရောင်မတူဘူးလေ ကိုကို2 ကလဲ ..... သားသားက ဒီအရောင်လေးကို သဘောကျတာ..... ကိုကို 2 ကို အရောင်ခြယ်စာအုပ်၀ယ်ပေးမယ်ဆို သားသားကိုလဲ ဒီကားလေး ၀ယ်ပေးမှ ရမယ် မာမီ....."

ငှက်ပေါက်စတွေလို ပိကျိပိကျိနဲ့ သူမအနားမှာလာဆူညံ့နေကြသည့် အငယ်လေးနှစ်ယောက်ကြောင့် ရှင်မွေ့  နားမခံသာဖြစ်သွားရသည်။

ဒီပုံအတိုင်းဆို စျေးလဲ ကောင်းကောင်း၀ယ်လို့ရမည့်ပုံမပေါ်တာကြောင့် နှစ်ယောက်လုံး လိုချင်တာ ၀ယ်ပေးဖို့ကို ရှင်မွေ့ သဘောတူလိုက်ရသည်။

သူတို့ လိုချင်တာကို စျေး၀ယ်ခြင်းတောင်းထဲ ထည့်လိုက်နိုင်တော့မှ ကျေနပ်သွားကြသည့် ညီလေး ၂ယောက်ကို ကြည့်ပြီး ကောင်းစက်အသာပြုံးလိုက်မိသည်။

ထို့နောက် ဘာရယ်မဟုတ် သူလဲ ဘာ၀ယ်ရင်ကောင်းမလဲဆိုပြီး မျက်လုံးဝေ့ကာ ကြည့်နေတုန်းမှာပဲ Hoodie အမည်းရောင် ၀တ်ထားသည့် Rio အစ်ကို့ကို လှမ်းမြင်လိုက်ရတာကြောင့် ကောင်းစက် ထိတ်လန့်သွားရသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now