💛 Thingyan Special - Last Ch 💛

8.4K 486 8
                                    

Extraordinary Marriage

[ထူးခြားသောလက်ထပ်ခြင်း]

💛 Thingyan Special - Last Ch 💛

''သင်္ကြန်အတက်နေ့´´

မာမီနဲ့ ဒယ်ဒီတို့ရဲ့ အခန်းတံခါးကို ကောင်းစက် အသံမမြည်အောင်လို့ အသာလေး လှည့်ပြီး ဖွင့်လိုက်သည်။

တံခါးကအောင်အောင်မြင်မြင်နဲ့ ပွင့်သွားခဲ့လျှင် ကောင်းစက် ညီလေးတွေဘက် လှည့်ပြီး ပြုံးပြလိုက်မိသည်။

ညီလေး၂ယောက်ကလဲ ပြုံးစစလေးဖြင့် သူ့အား ခေါင်းလေးတွေ ငြိမ့်ပြလာကြလေသည်။

ထို့နောက် သူတို့ညီအစ်ကိုတွေရဲ့ နောက်ဆုံးမှာ ရှိနေသည့်ညီမလေးကို ကောင်းစက်ပွေ့ချီလိုက်ပြီး ဒယ်ဒီတို့အခန်းထဲကို ခြေသံလုံလုံနဲ့ ၀င်လာခဲ့လိုက်သည်။ ညီလေးတွေကလဲ သူနဲ့ ထပ်ကြပ်မကွာ လိုက်၀င်လာကြသည်။

သူတို့လုပ်သမျှကို မျက်လုံးလေးအ၀ိုင်းသားနဲ့ လိုက်ကြည့်နေရှာသည့် ညီမလေးကို ကောင်းစက်တစ်ချက်ပြုံးပြလိုက်ကာ ရှူး ဆိုပြီး နှုတ်ခမ်းပေါ် လက်ညှိုးလေး တင်ပြလိုက်တော့ ညီမလေးက သဘောကျစွာဖြင့် သူပါ လက်ညှိုးသေးသေးလေးနဲ့ ရှူး ဟု လိုက်လုပ်လေသည်။

"ယွန်းလေး .... ကိုကိုတို့က အခု ယွန်းကို ဒယ်ဒီနဲ့ မာမီရဲ့ ခုတင်ပေါ်ကို ပို့ပေးမှာ ....အဲ့တာကြောင့် ယွန်းက ဒယ်ဒီနဲ့ မာမီတို့ရဲ့ ကြားထဲကို ၀င်ပြီး မာမီနဲ့ ဒယ်ဒီကို နှိုးပေးရမယ်နော်....."

"ကိုကို ... ဒယ်ဒယ် မာမာ အိပ်အိပ် "

"အွန်း ဟုတ်တယ် ဒယ်ဒီနဲ့ မာမီတို့ အိပ်နေကြတာနော်..... အဲ့တာကို ယွန်းက နှိုးပေးရမှာနော်.... "

"ရွန်း နိုးနိုး "

တစ်ယောက်နဲ့ တစ်ယောက် တင်းကြပ်စွာပွေ့ဖက်ပြီး အိပ်စက်နေကြတဲ့ ဒယ်ဒီနဲ့ မာမီတို့ကို ကြည့်ပြီး ကောင်းစက် Smirk အပြုံးလေးတစ်ချက် ပြုံးလိုက်မိပြီး ညီမလေးကို ဒယ်ဒီတို့ အိပ်ရာပေါ် တင်ပေးလိုက်သည်။

ထို့နောက် ညီအစ်ကို ၃ယောက်သား ညီမလေးကို တာ့တာပြပြီးတာနဲ့ ဒယ်ဒီတို့အခန်းထဲက တစ်ချိုးထဲ လစ်ပြေးကြတော့သည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now