♥️ အပိုင်း 10 ♥️

17.2K 823 27
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 10 ♥️

ချိစ်တွေအပြည့်နဲ့ သူ့မျက်စိရှေ့မှ ကျောက်ပုစွန်ကင်ကြီးကို ကြည့်ပြီး ခွန်းစက်ပြုံးလိုက်မိသည်။

"ဒယ်ဒီ ...... သားသားကို ကျောက်ပုစွန်လေး ထည့်ပေးပါလားဟင် "

"ထည့်ပေးမှာပေါ့ သားရဲ့ .... "

ကင်ပြီးသွားတဲ့အချိန်မှာ ကျောက်ပုစွန်ကို မကြောက်တော့တဲ့ သားလေးကို စက် တစ်ချက်ပြုံးကြည့်လိုက်မိသည်။

"ဟွန့် ခွန်းစက်ငတုံးလေး .... အခုတော့ မကြောက်တော့ဘူးမဟုတ်လား....."

"ကိုကို 2 နော် သားသားက ငတုံးလေး မဟုတ်ဘူး ..... အခုက အနီရောင်လှလှလေးဖြစ်သွားပြီဆိုတော့ ကြောက်စရာမလိုတော့ဘူးလေ ......"

"ကိုကိုသိလား .... ခွန်းစက်ကလေ ကျောက်ပုစွန်ကို အစိမ်းလိုက်ကြီးတုန်းက ကြောက်လို့တဲ့ .... အခုကင်ပြီးသွားတော့ မကြောက်တော့ဘူးတဲ့လေ ..... အဲ့တာဖြစ်နိုင်လို့လားနော်..... အစိမ်းတုန်းက ကြောက်ရင် ကင်ပြီးသားလဲ ကြောက်ရမှာပဲလေနော်.... စားလို့မရဘူးလေနော် ဟုတ်တယ်မလား......"

"မဟုတ်ဘူး .... မဟုတ်ဘူး .... ကင်တာက ကျက်သွားပြီမို့လို့ စားလို့ရတယ်....  သားသားကိုပဲ ပြောနေတယ်..... ကိုကို 2 လဲ ​ကျောက်ပုစွန်ကြီးကိုကြောက်ပြီး နောက်ကို ခြေလှမ်းတွေ များကြီးဆုတ်သွားတာလေ.... ကိုကို 1 သိလား .... မာမီက ကိုကို 2 ရဲ့ မျက်နှာနားမှာ ကျောက်ပုစွန်ကြီးကို ထားလိုက်တာလေ.... ကိုကို2 က အရမ်းလန့်သွားပြီးနောက်ကို ခြေလှမ်းတွေအများကြီးဆုတ်ပစ်လိုက်တာ.... သားသားတို့ အကုန်လုံးက ရယ်ကြတာ ၊ ရယ်ကြတာဆိုတာ ..... "

ပြောပြီးတာနဲ့ ပါးစပ်ကို လက်၀ါးလေးနဲ့ကာပြီး သဘောကျစွာရယ်လိုက်သည့် ခွန်းစက်လေးကြောင့် ထမင်း၀ိုင်းလေးက ရယ်သံတွေဖြင့် စိုပြည်သွားခဲ့ရသည်။

အစ်ကိုဖြစ်သူကို ဒီနေ့ရဲ့ ဖြစ်ကြောင်းကုန်စင် အားလုံး ပြန်ပြောပြနေသည့် အငယ်လေး၂ယောက်ကို ကြည့်ပြီးရှင်မွေ့ ပြုံးလိုက်မိသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now