♥️ အပိုင်း 50 ♥️

10.7K 637 54
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 50 ♥️

ကုမ္ပဏီမှာ အရေးကြီးတဲ့အစည်းအဝေးလုပ်နေတုန်း စီအီးအိုရဲ့ အတွင်းရေးမှူးဇာနည်က စီအီးအိုးအနားသို့ ရေးကြီးသုတ်ပျာဖြင့် ရောက်လာပြီး တစ်ခုခုကို တိုးတိုးလေး ကပ်ပြောလိုက်တာကြောင့် အစည်းအဝေးခန်းထဲမှာရှိနေသည့် လူတွေအားလုံးရဲ့ အာရုံက စီအီးအိုစက် ဆီသို့ ရောက်ရှိသွားရသည်။

အတွင်းရေးမှူး ဇာနည်ပြောတာကို နားထောင်ပြီး စီအီးအိုစက်က လန့်သွားတာကြောင့် ဘာများဖြစ်လို့လဲဆိုပြီး အားလုံးတွေးမိသွားကြသည်။

"စီအီးအိုစက် ဘာဖြစ်လို့ပါလဲ...."

"အားလုံးပဲ ကျွန်တော် တောင်းပန်ပါတယ်..... ဒီနေ့တော့ အစည်းအဝေးကို ဒီလောက်နဲ့ပဲ ရပ်လိုက်ကြတာပေါ့....."

"ဗျာ...... ဘာ.... ဘာဖြစ်လို့လဲ စီအီးအို.... ကျွန်တော်တို့ ဒီနေ့အစည်းအဝေးက အရေးကြီးတယ်လေ....."

"စီအီးအိုစက် အစည်းအဝေးကို ဒီမှာရပ်လိုက်မယ်ဆိုရင် နောက် စီးရီးအသစ်အတွက် Casts တွေကိစ္စကိုရော ဘယ်လိုလုပ်မှာပါလဲ ....."

"ဇာနည် .... ဒီက ကိစ္စတွေ မင်းပဲ ကြည့်ရှင်းလိုက်တော့ ..... ငါသွားတော့မယ်...."

"ဟုတ်ကဲ့ စီအီးအို.....စိတ်ချပါ....."

ဇာနည်နဲ့ ကိစ္စတွေအားလုံးကို စက် လက်လွှဲပြီးတာနဲ့ အစည်းအဝေးခန်းမထဲမှ အလျင်စလို ထွက်လာခဲ့လိုက်သည်။

ကျန်ခဲ့တဲ့ ဇာနည်မှာတော့ ပွက်လောရိုက်သွားကြသည့် ဒါရိုက်တာလူကြီးတွေကို နားချဖို့အတွက် မနည်းကြိုးစားရတော့သည်။

"ဟိုလေ လူကြီးမင်းတို့ အားလုံးပဲ စိတ်ကို အေးအေးထားကြပါဗျ ..... စီအီးအိုရဲ့ အမျိုးသမီးက အခုမွေးခန်းထဲ၀င်သွားရလို့ စီအီးအိုက စိုးရိမ်ပြီး ချက်ချင်းလိုက်သွားတာပါ...... အစည်းအဝေးကိုတော့ စီအီးအို နောက်ထပ် ထပ်လုပ်မယ့် အချိန်ကို ကျွန်တော်ကပဲ လူကြီးမင်းတို့ဆီကို ထပ်ပြီး အကြောင်းကြားပေးပါ့မယ်...."

***

စက် ကားထဲကိုရောက်တာနဲ့ ကားစက်ကို အမြန်နှိုးကာ ဆေးရုံသို့ရောက်အောင် ကားကိုအရှိန်တင်ပြီး မောင်းမိသည်။

♥️ Extraordinary Marriage ♥️Wo Geschichten leben. Entdecke jetzt