♥️ အပိုင်း 52 ♥️

12.9K 586 17
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 52 ♥️

"ယွန်းလေးရေ .... မြေးလေး ဖိုးဖိုးကြီးကို ကြည့်ပါဦး ..... ဟားဟား ဖိုးဖိုးကြီးရဲ့ မြေးလေးက ချစ်ဖို့ကောင်းလိုက်တာကွာ....."

အဖိုးလက်ထဲမှာ ရှိနေသည့် သမီးလေးက အဖိုး ချော့မြှူနေတာကို မျက်လုံး၀ိုင်း၀ိုင်းလေးတွေနဲ့ လိုက်ကြည့်ပြီး အသည်းယားဖွယ်ကောင်းအောင် ပြုံးတုံ့တုံ့လေး လုပ်နေလေသည်။

အစက ရန်ကုန်မှာ တစ်ပတ်၊နှစ်ပတ်ပဲ နေဖို့လုပ်ထားခဲ့သည့် အဖိုးမှာလဲ သမီးလေးကို မြင်ပြီးထဲက ပြန်ဖို့ကို ဟိုရွှေ့ ဒီရွှေ့ လုပ်လာခဲ့ရာ အခုဆိုလျှင် သမီးလေးပင် ရက်တစ်ရာပြည့်တော့မည်။

အခုကျတော့ အဖိုးက သူ့ရဲ့ ​မြစ်မလေး ရက်တစ်ရာပြည့်ပွဲ လုပ်ပြီးမှ ပြင်ဦးလွင်ကို ပြန်တော့မည်တဲ့လေ.....  ဟိုမှာက လုပ်ငန်းတွေအားလုံးကို ယုံကြည်စိတ်ချရသည့် ကြီးကြီးဘုံတို့ လင်မယားနဲ့ လက်လွှဲထားခဲ့တာဆိုတော့ အဖိုးမှာ နောက်ဆံတင်းစရာမလိုဘဲ စိတ်အေးလက်အေး နေနိုင်လေသည်။

"ယွန်းရေ ...ကိုကို့အသည်းတုံးလေး .... "

သားကြီးက ဖိနပ်ချွတ်မှာ သူ့ရဲ့ Sneakers လေးကို အသည်းအသန် ချွတ်နေရတုန်းမို့ သမီးဆီကို ရောက်မလာနိုင်သေးဘဲ အသံလေးပဲ လှမ်းပေးရှာသည်။

သမီးကတော့ သူမလေးရဲ့ အစ်ကိုကြီးအသံကို ကြားတာနဲ့ ချက်ချင်းဆိုသလို ခေါင်းလေးကို 45 ဒီဂရီ စောင်းပြီး ငဲ့ကြည့်လာသည်။

"ဟော.... ဘယ်သူ့အသံလဲ သမီး ...."

"ဘာ ဘား ဘူ ဘူး "

ဘယ်သူ့အသံလဲဟု မေးလိုက်သည့် ရှင်မွေ့ကို သမီးက ဗလုံးဗထွေးလေးတွေ ပြောပြီး ပြန်ဖြေလာလေသည်။

သုံးလသားအရွယ် ရောက်သွားပြီဖြစ်သည့် သမီးလေးက အရွယ်နဲ့ မလိုက်အောင် သွက်ပြီး ဥာဏ်ကောင်းလွန်းသည်။ တနေ့တနေ့ ဘူးဘူးတွေ မှုတ်ပြီး ဗလုံးဗထွေးတွေ ပြောတာဆိုသည်မှာလဲ မရေမတွက်နိုင်ပေ။

မွေးတုန်းက နီတာရဲ ရှုံ့တွလေးမို့ မျောက်ပေါက်စလေးနဲ့ တူတယ်ဟု ဆိုကာ သားလေးတွေ အသည်းယားခဲ့သည့် သမီးလေးက အခုတော့ ဖြူဖွေး၀တုတ်နေတဲ့ မုန်လာဥဖြူလေးတစ်လုံး ဖြစ်နေလေပြီ။

♥️ Extraordinary Marriage ♥️Where stories live. Discover now