♥️ အပိုင်း 44 ♥️

10.8K 616 11
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 44 ♥️

"အား ...  မရတော့ဘူး .... မရတော့ဘူး...
သားရဲ့ ခေါင်းလေးက အဲ့ဒီအလီတွေကို ထပ်ထည့်လို့မရတော့ဘူး ....."

"မထည့်လို့ မရဘူးလေ သားရဲ့ .... အလီဆိုတာက သင်္ချာရဲ့ အခြေခံသဘောတရားပဲလေ .... "

"မာမီကလဲ calculator ရှိတယ်လေ....
ဘာနဲ့ဘာ မြှောက်ရင် ဘာရတယ်ဆိုတာကို Calculator က ပြောပြနိုင်တာပဲဟာကို .... သားတို့ ဒီအလီတွေ ကျက်စရာမလိုပါဘူး....."

"Calculator ရှိပေမယ့် အခြေခံအလီလောက်ကတော့ မဖြစ်မနေ ရထားသင့်တယ်လေ သားရဲ့ ..... ဥပမာထားလိုက်ပါတော့ သားက မုန့်ဆိုင်ကနေ 500 တန် မုန့် နှစ်ခု၊ 300 တန် မုန့် သုံးခု ၀ယ်လိုက်ပြီဆိုပါတော့.... အဲ့တာဆို စုစုပေါင်း ဘယ်လောက်ကျလဲဆိုတာ သိရဖို့က သား အလီရထားမှ ဖြစ်မှာလေ ...."

"စုစုပေါင်း 1900 ကျတယ်လေ မာမီရဲ့ ..."

"အွန်းလေ အဲ့ဒီ 1900 ကိုသိဖို့က သားအလီရထားမှဖြစ် ... ဟင် နေပါဦး .... 1900 ကို သားက ဘယ်လိုရသွားတာလဲ...."

ရှင်မွေ့မှာ သားလေးမင်းစက်ကို သင်္ချာသင်ပေးရင်းနဲ့ 1900 ဟုဖြေလိုက်တဲ့ သားလေးရဲ့ အဖြေကြောင့် အံ့သြသွားရသည်။

"500 တန် မုန့်နှစ်ခုက 1000 လေ မာမီ .... 300 တန် မုန့်သုံးခုက 900 လေ .... အဲ့တော့ နှစ်ခုပေါင်း 1900 ပေါ့မာမီရဲ့ ....."

"အဲ့ဒီ 1000 နဲ့ 900 ရတာက သား မြှောက်လိုက်တာလေ..... သတိမထားမိဘူးလား ..... 1000 ရတာက 500 ကို 2 နဲ့ မြှောက်လိုက်တာ.... 900 ရတာက 300 ကို 3 နဲ့ မြှောက်လိုက်တာ......"

"သားက ဒီအတိုင်းပဲ ရသွားတာ မာမီ...  မြှောက်လိုက်တာ မဟုတ်ဘူး....."

ရှင်မွေ့မှာ သားရဲ့ အဖြေကြောင့် အံ့သြပြီး ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။

ဒီအတိုင်း ဂဏန်းတွေနဲ့ အလီကျတော့ မရဘူး.... မုန့်နဲ့ ပတ်သက်ပြီး ငွေကြေးတွက်ချက်တာကျတော့ နည်းနည်းလေးတောင်မစဥ်းစားဘဲ မှန်အောင် တန်းပြောနိုင်တာမို့ သူမ သားကို ရှေ့ဆက် မုန့်တွေနဲ့ပဲ သင်ပေးရတော့မည်ထင်သည်။

"အဲ့တာဆို သားကို မာမီမေးမယ်....နှစ်ဒေါ်လာတန် မုန့်တစ်ခုကို ဘယ်လောက်လဲ...."

♥️ Extraordinary Marriage ♥️Nơi câu chuyện tồn tại. Hãy khám phá bây giờ