♥️ အပိုင်း 19 ♥️

16.9K 869 52
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 19 ♥️

"မာမီ..... ဒီကလေးလေးရဲ့ပါးပေါ်က ဖြူဖြူလေးတွေက ဘာလေးတွေလဲဟင် ......"

ကလေးလေးတစ်ယောက် သနပ်ခါးလိမ်းထားတဲ့ပုံလေးပါသည့် မဂ္ဂဇင်းစာအုပ်ကို သူမဆီ ဆွဲယူလာပြီး ပါးပေါ်မှ သနပ်ခါးကို လက်ညှိုးလေးနဲ့ထောက်ကာ မေးလာသော ခွန်းစက်လေးကြောင့် ရှင်မွေ့ အသာပြုံးလိုက်မိသည်။

စက်မဟာတည်ကလဲ ကုမ္ပဏီကိုသွား၊ ကောင်းစက်နဲ့ မင်းစက်ကလဲ ကျောင်းသွားတာကြောင့် အိမ်မှာ သူမနဲ့ ခွန်းစက်လေးသာ ပျင်းရိဖွယ်ကောင်းစွာ နေရစ်ခဲ့ရသည်။

အိမ်မှာပဲ ရှင်မွေ့ အပြည့်အ၀ကို အနားယူနေတာကြောင့် ဗိုက်မှ ဒဏ်ရာကလဲ ပျောက်လုနီးနီးကို သက်သာနေပြီဖြစ်၏။

"အဲ့တာက သနပ်ခါး သားရဲ့ .... ကလေးလေးက သနပ်ခါးလူးထားတာ......"

"သနပ်ခါး ?? သနပ်ခါးဆိုတာ ဘာလဲဟင် မာမီ....."

သနပ်ခါးက ဘာလဲဟု ခွန်းစက်က မေးလာတော့ ရှင်မွေ့ ဘယ်လိုပြန်ဖြေရမလဲဆိုပြီး တွေးမိသွားရသည်။

၃ယောက်လုံးက ညီအစ်ကိုတွေချည်း ဖြစ်နေသည့်အပြင် မွေးခါထဲက အနောက်တိုင်းဆန်ဆန်ပဲ ကြီးပြင်းလာခဲ့ကြတာကြောင့် ခွန်းစက်တစ်ယောက် မြန်မာသနပ်ခါးကို မသိတာ အထူးအဆန်းတော့ မဟုတ်ပါ။

သနပ်ခါးကို ခွန်းစက်သိလွယ်အောင် ဘယ်လိုရှင်းပြရမလဲဆိုတာ ရှင်မွေ့ တွေးနေစဥ် ရုတ်တရက်ဆိုသလို အမြဲလိုလို ရှင်မတောင်နံ့လေး သင်းနေတတ်သည့် ကြီးကြီးမြကို သတိရသွားရသည်။

ကြီးကြီးမြက ရှင်မတောင်သနပ်ခါးကို ခြေဆုံးခေါင်းဆုံး လိမ်းနေကျမို့ ကြီးကြီးမြအနားကပ်လိုက်တာနဲ့ ရှင်မတောင်နံ့သင်းသင်းလေးကို ရနေကျပင်။ ဒီအတိုင်းမျက်နှာပေါ်မှာ ပါးကွက်မကွက်လို့သာ ခွန်းစက်တစ်ယောက် သနပ်ခါးကို မသိတာ ဖြစ်ရမည်။

"သနပ်ခါးဆိုတာ ဒီလိုမျိုးလေး သားရဲ့ .... မာမီပြမယ်....."

ခွန်းစက် မြင်ဖူးသွားအောင်လို့ Google မှာ Thanaka ဟု ရှင်မွေ့ ရိုက်ရှာပြီး ပုံလေးတွေ ပြလိုက်သည်။

♥️ Extraordinary Marriage ♥️Wo Geschichten leben. Entdecke jetzt