♥️ အပိုင်း 29 ♥️

13.6K 695 24
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 29 ♥️

ရှင်မွေ့  ကြက်ပေါင်းအိုးရဲ့ အဖုံးလေးကို ဖွင့်လိုက်တာနဲ့ မွှေးပျံ့နေတဲ့ ကြက်ပေါင်းရဲ့ အနံ့လေးက မီးဖိုချောင်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

ကြက်ပေါင်းရည်လေးတစ်ဇွန်းကို ပန်းကန်လုံးအသေးလေးထဲထည့်ကာ ရှင်မွေ့ အရသာကိုမြည်းကြည့်တော့ အဆင်ပြေလေသည်။

"ရှင်မွေ့လေး .... ဘယ်တုန်းက ဒီလိုမျိုးတွေ လုပ်တတ်သွားတာလဲ..... ကြီးကြီးဘုံတောင် ကြက်ပေါင်းကို ဒီလိုပုံစံ မလုပ်တတ်ဘူးရယ်....."

ဒေါ်စောဘုံတစ်ယောက် ဆေးဖက်၀င်တဲ့ သစ်ဥသစ်ဖုတွေနဲ့ ပေါင်းထားတဲ့ စားချင်စဖွယ် ကြက်ပေါင်းမွှေးမွှေးလေးကို ကြည့်ပြီး ရှင်မွေ့လေးအား ချီးကျူးစကားဆိုလိုက်မိသည်။

"ဒီလိုပဲ လေ့လာထားတာပါ ကြီးကြီးဘုံရဲ့ ..... ရှင်မွေ့လက်ရာလေး မြည်းကြည့်ပေးပါဦး ....."

"အေးအေး သမီး "

ကြက်သွန်မြိတ်လေးတွေနဲ့ အရည်ကြည်ကြည် ကြက်ပေါင်းရည်တစ်ဇွန်းကို မြည်းကြည့်ပြီး ဒေါ်စောဘုံတစ်ယောက် တော်တော်လေးကို အရသာတွေ့သွားရသည်။

"အရသာရှိလိုက်တာ သမီးရယ်.... သခင်ကြီး ကြိုက်မှာ ကျိန်းသေတယ်.... ဒါဆိုရင်တော့ သမီးဆီကနေ ဘယ်လိုလုပ်လဲဆိုတဲ့ နည်းလေးကို သေချာမှတ်ထားမှ ရတော့မယ်....."

ကြီးကြီးဘုံရဲ့ စကားကြောင့် ရှင်မွေ့ အသာပြုံးလိုက်မိသည်။

"အဲ့တာဆို အဖိုးအတွက် ကြက်ပေါင်းလဲရပြီဆိုတော့ ရှင်မွေ့ ခဏသွားနားလိုက်ဦးမယ်နော် ကြီးကြီးဘုံ ...."

"အေးအေး သမီး .... သမီးတို့လင်မယားအတွက်အခန်းကို ဒုတိယထပ်ရဲ့ ထိပ်ဆုံးအခန်းမှာ ပြင်ပေးထားတယ်..... ကလေး ၃ယောက်အတွက် အခန်းကိုတော့ သမီးတို့ အခန်းနဲ့ မျက်နှာချင်းဆိုင် အခန်းမှာပဲ ပြင်ပေးထားတယ်...."

"ဟုတ် ကြီးကြီးဘုံ .... "

ရှင်မွေ့  ကြီးကြီးဘုံကို နှုတ်ဆက်ပြီးတာနဲ့ ဒုတိယထပ်ဆီသို့ တက်လာခဲ့လိုက်သည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now